သတင်းများ

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ကူညီထောက်ပံ့ရေး ပစ္စည်းများပေးအပ်
Jun 22,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်တွင်၊ ရခိုင်ပြည်နယ်သဘာဝဘေးအန္တာရယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ကူညီထောက်ပံ့ရေး ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရမ္မာဝတီခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကွမ်းလုံမြို့နယ် ဝန်ထမ်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဟောပြောပွဲ ပြုလုပ်
Jun 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် ဝန်ထမ်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန် ကျောင်း၌ ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိ ရသည်။
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများ ကျောက်ဖြူဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား ထောက်ပံ့ငွေများပေးအပ်၊ သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့မှ ပြည်သူများကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေး
Jun 22,2023
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ၊ မြို့မိ၊မြို့ဖများသည် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူဘိုးဘွားရိပ်သာရှိ အဘိုး၊အဘွားများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ပြီး၊ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့(၆)မှ ဒေသခံပြည်သူများကို အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား သွားရောက်ကြည့်ရှု အားပေးသည်။
ကျိုက်ထိုမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ
Jun 22,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ် ပတ်သက်၍ သိရှိစေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီက မူလွန်ကော့စံနိုင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
နောင်မွန်းမြို့၌ ကဆန်ချောင်းရေတိုက်စားမှုကြောင့် အ.မ.က(၁) ကျောင်းကမ်းပါးယံပြိုကျမှုနှင့် နရန် ချောင်းကူးတံတား ချဉ်းကပ်လမ်းရေတိုက်စားမှု ဖြစ်ပွား
Jun 22,2023
ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့နံနက် ၇ နာရီတွင် အ.မ.က(၁) ကျောင်းကမ်းပါးယံပြိုကျမှုနှင့် နောင်မွန်း-ကဆန်ခူး-ထုံလာ-ခူထီလမ်း (ကျေးလက်လမ်းဦးစီး)ပေါ်ရှိ နရန်ချောင်းကူးတံတား ချဉ်းကပ်လမ်းရေတိုက်စားမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်(အကြို)အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲကျင်းပ
Jun 22,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို)အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲ ကို ယမန်နေ့မွန်းတည့် (၁၂) နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ် အ-ထ-က ခွဲ(လ-၅)တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်စာစောင်ပြပွဲ ကျင်းပ
Jun 22,2023
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာအထက်တန်းကျောင်း အ-ထ-က ခွဲ (လ-၅)တို့ ပူးပေါင်း၍အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁ဝ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းငေါ့မြို့ကလေးစာဖတ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်ပြောပြခြင်းအစီအစဉ်ဆောင်ရွက်ပေး
Jun 22,2023
ရှမ်းပြည်နယ်၊ (မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊မိုင်းငေါ့မြို့ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူများအား ပျော်ရွှင်စေရန်နှင့် ဗဟုသုတရရှိစေရန်၊ စာဖတ်သည့် အလေ့အထများဖြစ်စေရန်၊ ဉာဏ်ပညာတိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ပုံပြင်ပြာခြင်းအစီအစဉ်များ ဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့ နံနက် (၃) နာရီက ပြုလုပ်ဆောင်ရွက်ခဲ့သည်။