သတင်းများ

လဲချားမြို့နယ် လူထုအခြေပြု (Community Centre) တွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Jan 12,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု (Community Centre) တွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပခဲ့ပါသည်။
မွန်ပြည်နယ်တွင် စာသင်ကျောင်း အခြေပြုမျက်စိအမြင်အာရုံ အားနည်းမှုရှိသော ကျောင်းသား/ သူများအား မျက်မှန်ပံ့ပိုး‌ပေးခြင်း အခမ်းအနားကျင်းပ
Jan 12,2024
မွန်ပြည်နယ်တွင် ကျောင်းသား/ သူများ ကျောင်းနေပျော်၍ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းကျန်းမာရေးလုပ်ငန်းများအနက် တစ်ခုအပါအဝင်ဖြစ်သည့် ကျောင်းအခြေပြုမျက်စိအမြင်အာရုံ အားနည်းမှုရှိသော ကျောင်းသား/ သူများအား မျက်မှန်ပံ့ပိုး‌ပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ လူငယ်များနှင့်စာဖတ်ဝိုင်းပြုလုပ်
Jan 12,2024
သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Computer သင်တန်းသားများစုပေါင်း၍ စာရေးဆရာမောင်မင်းစိုးရေးသားသည့် မအောင်မြင်ခြင်းရဲ့ဇာစ်မြစ်များစာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ပန်းခင်း(၃) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်ခြင်း၊ e-ID စနစ်အတွင်းသို့ Biographic/ Biometric ထည့်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
Jan 12,2024
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မိတ္ထီလာမြို့နယ်တွင် ပန်းခင်း (၃) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်ခြင်း၊ e-ID စနစ်အတွင်းသို့ Biographic /Biometric ထည့်သွင်းခြင်း  (One Stop Service)လုပ်ငန်းများ ဆောင်ရွက်နေမှုအား  ယနေ့နံနက် ၁၀ နာရီအချိန်က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးများအား အခမဲ့ခွဲစိတ်ကုသပေး
Jan 12,2024
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအတွက်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိရေးနှင့် ပြည်သူများစိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်းစုံမှ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ရှာဖွေဖော်ထုတ်ပြီး ညောင်ဦးခရိုင်၊ ကုတင်၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ဇန်နဝါရီ ၁၁ ရက်နေ့မှ ဇန်နဝါရီ ၁၃ ရက်နေ့အထိ အခမဲ့ခွဲစိတ်ကုသပေးလျက်ရှိကြောင်း သိရသည်။
သထုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများပြုလုပ်
Jan 12,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ယနေ့နံနက်ပိုင်းက သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်ရှိ ပရိုကိုးအခြေခံပညာမူလတန်း‌ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။
ပေါင်းတည်၌ ခရမ်းစိုက်ပျိုးသူများ ဖြစ်ထွန်းအောင်မြင်၍ ဝင်ငွေကောင်း
Jan 12,2024
ဆောင်းရာသီခြံစိုက်ခင်းများ၌ ခရမ်းစိုက်ပျိုးမှုသည် ယခင်နှစ်များထက် ပိုမိုစိုက်ပျိုးလာပြီး အမာခံစျေးကွက်ရှိမှုနှင့် ရာသီဦးစျေးကောင်းရရှိမှုများကြောင့် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ခရမ်းစိုက်ပျိုးသူများ ဝင်ငွေကောင်းလျက်ရှိကြောင်း သိရသည်။
နမ့်စန်တွင် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေး (Kaeru Caravan) ဆောင်ရွက်
Jan 12,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan) ဆောင်ရွက်ခြင်းကို ယနေ့နံနက်၁၀နာရီခွဲက ဝမ်ပုံကျေးရွာအုပ်စု၊ ထင်းရှူးမြိုင်ကျေးရွာ၊ ကောင်းမြတ် ကိုယ်ပိုင်အထက်တန်းကျောင်းအနီးရှိ Eleven Fusel အားကစားကွင်းတွင် ဆောင်ရွက်ခဲ့ရာ လွိုင်လင်ခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ နမ့်စန်မြို့နယ် မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ ကောင်းမြတ်ကိုယ်ပိုင် အထက်တန်းကျောင်းအုပ်ဆရာကြီး ဦးကောင်းမြတ်သူနှင့် ကျောင်းသားကျောင်းသူများ စုစုပေါင်း (၅၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။