သတင်းများ

ပင်လုံမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၏ ဇီဝဆိုင်ရာအချက်အလက်များ ကွင်းဆင်းကောက်ယူ
Aug 04,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပင်လုံမြို့အတွင်းရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုဝင်များ၏ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ပါသည်။
တောင်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက် ကတ္တရာလမ်းဖွင့်ပွဲကျင်း
Aug 04,2023
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကတ္တရာပံ့ပိုးကူညီမှုနှင့် ကျေးရွာပြည်သူလူထုတို့မှ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် ကျေးရွာချင်းဆက် ကတ္တရာလမ်းဖွင့်ပွဲကို ယမန်နေ့ နံနက်(၉)နာရီက တောင်ကြီးမြို့နယ်၊ အ.လ.က(ခွဲ)ပုံဆွေပင်၌ ကျင်းပသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၌ ရေဘေးရှောင်ပြည်သူများအား ဆန်ရိက္ခာဖိုးငွေ ထောက်ပံ့
Aug 04,2023
ဇူလိုင်လ ၃၀ ရက်နေ့မှ စတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေများလျှံကာ မြေနိမ့်ပိုင်းတွင်နေထိုင်လျက်ရှိသည့် လူနေအိမ်များသို့ မြစ်ရေများ ဝင်ရောက်မှုကြောင့် ရေဘေးရှောင်ပြည်သူများမှာ ယာယီဖွင့်လှစ်ထားသည့် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းသိူ့ ပြောင်းရွေ့နေထိုင်လျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်း စည်ပင်သာယာဈေးများ၌ သဘာဝဘေးဒဏ်ကြောင့် မီးမလင်းသည့် လျှပ်စစ်မီးသီးများအား ဖြုတ်သိမ်း၍ LED မီးသီးများဖြင့် အစားထိုးလဲလှယ်တပ်ဆင်ခြင်းများ ဆောင်ရွက်
Aug 04,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပွင့်ဖြူမြို့မဈေးနှင့် ရှောက်တောကျေးရွာရှိ ကျေးလက်စည်ပင်သာယာဈေးတို့အား ဈေးလုံခြုံမှုရှိစေရန်နှင့် ဈေးသူဈေးသားများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်အတွက် ယမန်နေ့ ညနေပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် ဈေးတာဝန်ခံဝန်ထမ်းများက ဈေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ဈေးအတွင်းအပြင်ရှိ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးခဲ့သည့် လျှပ်စစ်မီးသီးများအား ဖြုတ်သိမ်း၍ LED မီးသီးများဖြင့် အစားထိုးလဲလှယ်တပ်ဆင်ခြင်း၊ လျှပ်စစ်မီးလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ  ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Aug 04,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး SinoPharm ဒုတိယအကြိမ်  ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဟင်္သာတခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ
Aug 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့၊ မိုးကောင်းကျောင်းတိုက်ရှိ အောင်ပြည့်ဖြိုးဦး သာသနာ့ဗိမာန်အတွင်း သာသနာတော်နှစ် ၂၅၆၇ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ် ဟင်္သာတခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁နာရီက အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
သရက်မြို့၌ သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသည့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ စုပေါင်းဝါဆိုသင်္ကန်း လှူဒါန်းပွဲ ကျင်းပ
Aug 04,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သရက်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသည့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ စုပေါင်းဝါဆိုသင်္ကန်းလှူဒါန်းပွဲကို ယနေ့ နံနနက်(၉)နာရီက မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပခဲ့သည်။
မြဝတီမြို့၌ သောင်ရင်းမြစ်ရေလျှံတက်ပြီး အနိမ့်ပိုင်းနေရာများ ရေဝင်ရောက်လျှက်ရှိသည့်အတွက် ရေဘေးကယ်ဆယ်ရေးစခန်း ၅ နေရာ ဖွင့်လှစ် ဆောင်ရွက်ထား
Aug 04,2023
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် ယမန်နေ့ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး   သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် ၉၆၃ စင်တီမီတာထက် ကျော်လွန်ကာ မြစ်ရေလျှံတက်မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။