ပင်လုံမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၏ ဇီဝဆိုင်ရာအချက်အလက်များ ကွင်းဆင်းကောက်ယူ

ပင်လုံ သြဂုတ် ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပင်လုံမြို့အတွင်းရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုဝင်များ၏ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် လွိုင်လင်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒု-လဝကမှူး ဦးနေဇင်လတ်နှင့် ဝန်ထမ်းများမှ ပင်လုံမြို့ရှိ ဝန်ထမ်းများနှင့် မိသားစုဝင်တစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူ၍ QR Code ပါပြီး ဂဏန်း ၁၀ လုံးပါသည့် Unique ID နံပါတ်စာရွက်များ ထုတ်ပေးနေမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရာဇာအောင်နှင့် အတွင်းရေးမှူးများက ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါဆောင်ရွက်မှုကို ပင်လုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် Biometric Data ကောက်ယူခြင်းလုပ်ငန်းအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

မြို့နယ်(ပြန်/ဆက်)