မုံရွာမြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Aug 05,2023
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရဟန်းရှင်လူ ပြည်သူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များအား အကြိမ်ပြည့်ထိုးနှံနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနတို့မှ စီမံဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီ ခွဲက မုံရွာမြို့ ရွှေစည်းခုံသာသနာ့ဗိမာန်နှင့် မုံရွာတက္ကသိုလ် ဓမ္မာရုံတို့ ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။