တောင်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက် ကတ္တရာလမ်းဖွင့်ပွဲကျင်း

တောင်ကြီး သြဂုတ် ၄

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကတ္တရာပံ့ပိုးကူညီမှုနှင့် ကျေးရွာပြည်သူလူထုတို့မှ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် ကျေးရွာချင်းဆက် ကတ္တရာလမ်းဖွင့်ပွဲကို ယမန်နေ့ နံနက်(၉)နာရီက တောင်ကြီးမြို့နယ်၊ အ.လ.က(ခွဲ)ပုံဆွေပင်၌ ကျင်းပသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ကျေးရွာနေ ပြည်သူလူထုတို့မှ ပူးပေါင်းဆောင်ရွက်သည့် ပုံဆွေပင်-တခေါ့မွူးကျေးရွာချင်းဆက် ကတ္တရာလမ်း (၀/၅)မိုင်ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဒေသခံပြည်သူတစ်ဦးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့် တာဝန်ရှိသူတို့က ကတ္တရာလမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။

ဆက်လက်၍ တောင်ကြီးမြို့နယ် ဟမ်းဖိုးကျေးရွာတွင် ဟမ်းဆီး-ဟမ်းဖို့-ကန်းတန်-ဟမ်းကြိုး-ဝင်းယ ကျေးရွာချင်းဆက် ကတ္တရာလမ်း(၁/၀)မိုင်ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်းအမျိုးသားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ ကတ္တရာလမ်းအား ကြည့်ရှုစစ်ဆေးပြီး နားဟီး(ရှေ့)-နားဟီး(နောက်) ကျေးရွာချင်းဆက် ကတ္တရာလမ်း(၀/၆)မိုင်ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး၊ ဒေသခံပြည်သူ တစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကတ္တရာလမ်းအား ကြည့်ရှုစစ်ဆေးကြသည်။

အဆိုပါ နောင်ပစ်ကျေးရွာအုပ်စု၊ ပုံဆွေပင်-တခေါ့မွူး- ထီဖောင်း-ထီဖူး-ထီနို့ (၄/၄) မိုင်အနက် (၀/၄) မိုင် ကတ္တရာခင်းခြင်း ဆောင်ရွက်သည့် ဘဏ္ဍာရေးနှစ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့် ပမာဏ (၄/ ၄) မိုင် အနက် (၀/၄) မိုင် ဆောင်ရွက်ပြီး ကျန်လမ်းပိုင်း (၄/၀) မိုင် အနက် (၀/၅)မိုင် အား    ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ် အစိုးရရန်ပုံငွေ (၁၅၄.၄၇၅) သန်းဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဝင်းယ-ဟမ်းကြိုး-ကန်းတန်-ဟမ်းဖို့-ဟမ်းဆီး ကျေးရွာချင်းဆက်လမ်း (၃/၀) မိုင် အနက် (၁/၀) မိုင် ကတ္တရာခင်းခြင်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပြီး ကျန်လမ်းပိုင်း (၂/၀)မိုင် အနက်(၀/၆)မိုင်အား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရရန်ပုံငွေ (၁၁၂.၅၉၀) သန်းဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် နားဟီး(ရှေ့/နောက်)- ထီးဖူး- ထီနို့-ထီဝါးမွူး (၅/၀) မိုင် အနက် (၀/၆) မိုင် ကတ္တရာခင်းခြင်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပြီးစီးပြီးကျန် (၄/၂) မိုင် အနက် (၀/၅)မိုင်အား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်အစိုးရရန်ပုံငွေ (၁၅၄.၄၇၅) သန်းဖြင့် ဆောင်ရွက်မည်ဖြစ်ဖြစ်ကြောင်း သိရသည်။

ထို့နောက် တောင်ကြီးမြို့နယ်၊ နားဟီကျေးရွာ ဘက်စုံခန်းမတွင် ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ဆုံတွေ့ရာ ဒေသခံနားဟီး (အရှေ့မြောက်) ကျေးရွာ၊ နားဟီး (အရှေ့ရွာ)၊ ဟမ်းဆီးကျေးရွာအုပ်စု၊ နောင်ပစ်ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများက ဒေသလိုအပ်ချက်များ ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဒေသခံပြည်သူများ၏ လိုအပ်ချက်တင်ပြမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့​ပြီး ကျေးရွာများ ကိုယ်စားလှယ် ဦးခွန်သူရအောင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပြည်နယ်ရန်ပုံငွေဖြင့် တခေါ့မွူးကျေးရွာ ရေကန်အတွက် ငွေကျပ်သိန်း(၁၀၀)နှင့် ပြည်ထောင်စု ရန်ပုံငွေဖြင့် ဝင်း(ရှေ့)ကျေးရွာခန်းမအတွက် ငွေကျပ်သိန်း(၁၅၀) ပေးအပ်ခဲ့ရာ ကျေးရွာတာဝန်ရှိသူများမှ လက်ခံရယူကြောင်း သိရသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များနှင့် တာဝန်ရှိသူတို့သည် နောင်ပစ်ကျေးရွာအုပ်စု၊ ဝင်းယကျေးရွာတွင် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိသော နှစ်ရှည်ပင်ဖြစ်သည့် ထောပတ်ခြံနှင့် ပြောင်းဖူးခြံတို့ကို လှည့်လည်ကြည့်ရှုကြပြီး တောင်ကြီးမြို့နယ်၊ ရှမ်းရိုးမမွေးမြူရေးဇုန်(၂) လုပ်ငန်းဆောင်ရွက်နေမှု အခြေနေများအား သွားရောက်ကြည့်ရှုရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာ အောင်မင်းထွန်းမှရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ ဥစားကြက်မွေးမြူသူ ပြည်သူများနှင့်တွေ့ဆုံပြီး ရှမ်းရိုးမမွေးမြူရေးဇုန်(၂)တွင် မွေးမြူးထားသော ဥစားကြက်ခြံများအား လှည့်လည်ကြည့်ရှု ကြသည်။

ယင်းနောက် နောင်ကားကျေးရွာအုပ်စု နောင်ယွေးကျေးရွာတွင် ကိုစံဦးမှ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း နေသော(၁၅)ဧက၊ အာလူးစိုက်ခြံအား သွားရောက် ကြည့်ရှုကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)