သတင်းများ

ဇေယျာသီရိမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်/ ကျေးရွာများအရောက် ခြင်ဆေးဖြန်းခြင်းများဆောင်ရွက်
Aug 05,2023
ဇေယျာသီရိမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်/ ကျေးရွာသို့သွားရောက်ပြီး ခြင်ကိုက်ခံရမှုကြောင့်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖြန်းခြင်းများဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက  ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်
Aug 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ Club အဖွဲ့များပူးပေါင်း၍ စာရေးဆရာခင်စောတင့်ရေးသားသည့် “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ”  စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဗန်းမောက်မြို့၌ စာဖတ်ဝိုင်း ပြုလုပ်
Aug 05,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်မ၌ Book Club အဖွဲ့နှင့် ပူးပေါင်း၍ ဒေါက်တာခင်မောင်ညို ရေးသားသည့် လူငယ်နှင့် အကောင်းဆုံးသော ဘဝကို တည်ဆောက်ခြင်း စာအုပ်ဖြင့် ဆောင်ရွက်သည့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀း၀၀) အချိန်က ဆောင်ရွက်ခဲ့သည်။
ကျောက်မဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ခရိုင်အမျိုးသမီးကော်မတီ အစည်းအဝေး ကျင်းပ
Aug 05,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ခရိုင်အမျိုးသမီးကော်မတီ အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် တိုင်းမှူး မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း မီးလောင်ကျွမ်းမှုဖြစ်ပွားရာနေရာသို့ ကြည့်ရှုစစ်ဆေး
Aug 05,2023
မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းသည် ဩဂုတ် ၄ ရက်နေ့ ၀၀ : ၁၅ နာရီ အချိန်တွင်မီးလောင်မှုဖြစ်ပွားရာ မီးသတ်ယာဉ် စုစုပေါင်း(၂၅) စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ စည်ပင်ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ စုစုပေါင်းအင်အား ၅၀၀ ဦး ဖြင့်ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် နံနက် ၁ နာရီ ၃၉ ချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁ နာရီ ၄၉ မိနစ် အချိန် မီးလုံးဝ ငြိမ်းသတ်နိုင်ခဲ့သည်။
ရှေးဟောင်းသမိုင်းဝင်ထူပါရုံဘုရားစေတီတော် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Aug 05,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ရှိရှေးဟောင်းသမိုင်းဝင်ထူပါရုံဘုရားစေတီတော် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယမန်နေ့နံနက်(၈)နာရီချိန်က  ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မင်းဘူးမြို့၌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အခြေခံ စားသောက်ကုန်များကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေး
Aug 05,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ အခြေခံလူတန်စား အိမ်ထောင်စုဝင်များ စားဝတ်နေရေး အဆင်ပြေစေရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ် ကြီးကြပ်မှုဖြင့်  မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ယနေ့နံနက်ပိုင်းက မင်းဘူးမြို့ မြို့မဈေးကြီးအနီး  ကုလားကုန်းအတက်  လူစည်ကားရာနေရာတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်း ဆောင်ရွက်
Aug 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များသို့ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။