လိပ်သို ဩဂုတ် ၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး SinoPharm ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် လိပ်သိုတိုက်နယ် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းများကို စနစ်တကျ ဆောင်ရွက် ပေးပြီးမှသာ ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးစုရပ်၌ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများက ပူးပေါင်းကာ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၃၁၀) ဉီး အား ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသော ကျောင်းသား/ ကျောင်းသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ခင်လေးနွယ် (လိပ်သို)