သရက်မြို့၌ သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသည့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ စုပေါင်းဝါဆိုသင်္ကန်း လှူဒါန်းပွဲ ကျင်းပ

သရက် ဩဂုတ် ၄

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သရက်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသည့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ စုပေါင်းဝါဆိုသင်္ကန်းလှူဒါန်းပွဲကို ယနေ့ နံနနက်(၉)နာရီက မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး သရက်မြို့နယ် သံဃနာယကအဖွဲ့ဉက္ကဋ္ဌ မြခဲတောင်ကျောင်းဆရာတော် ဘဒ္ဒန္တသီလဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ပင့်သံဃာတော် ဆရာတော်များက ပရိတ်တရား ရွတ်ပွားချီးမြှင့်တော်မူခဲ့ကာ သရက်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌက ဦးတင်မျိုးလတ်က သာသနာရေးဆိုင်ရာများ လျှောက်ထားပေးခဲ့သည်။

ထို့နောက် သရက်ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာမိသားစုများက ဝါဆိုသင်္ကန်းနှင့် နဝကမဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ မြခဲတောင်ကျောင်းဆရာတော် ဘဒ္ဒန္တသီလဝံသထံမှ အနုမောဒနာ တရားနာယူခဲ့ကြပြီး လှူဒါန်းမှု (၅၂)သိန်း (၇)သောင်းအတွက် အမျှတန်းဝေ ရေစက်သွန်းချပေးခဲ့ကြကြောင်း သိရသည်။

ဇော်ထက်(သရက်)