လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ Book Club အသင်းဝင်များ စာဖတ်ဝိုင်း ပြုလုပ်

လှိုင်သာယာ(အနောက်) ဇူလိုင် ၂၅

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ Book Club အသင်းဝင်များ စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်သည်။

အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ဇော်၊ Book Club အသင်းဥက္ကဋ္ဌ စာရေးဆရာ စိုးမိုးသိမ်း(လှိုင်သာယာ)နှင့် Book Club အသင်းဝင်များ၊ စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များ၊ စာရေးဆရာ/ဆရာမများ တက်ရောက်ကြသည်။

ဦးစွာ Book Club အသင်းဥက္ကဋ္ဌ စာရေးဆရာ စိုးမိုးသိမ်း(လှိုင်သာယာ)က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဇော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် စာရေးဆရာမ နွယ်ရည်၏ "မီးခိုးထွက်သော မီးဖိုချောင်တစ်ခု" ဝတ္ထုတိုကို ဆွေးနွေးပြီး တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ဂမ္ဘီယဂျာနယ်ထုတ်ဝေသူ ဦးဇော်ထူးနိုင်က လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရုံး ​ပြည်သူ့စာကြည့်တိုက်အတွက် စာအုပ်များ လှူဒါန်းပေးခဲ့ပြီး တက်ရောက်လာကြသည့် စာပေဝါသနာရှင်များမှ မိမိတို့နှစ်သက်ရာ ကဗျာများရွတ်ဆိုကာ အခမ်းအနားကို အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)