မြန်အောင် အမှတ်(၁)ရပ်ကွက်၌ စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းစျေးဖြင့် ဖြန့်ဖြူးရောင်းချပေး

မြန်အောင် ဇူလိုင် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် မှန်(၆)မှန်နှင့်အညီ သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူပြည်သူများကို ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်က မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက်၌ စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချနေပေးကြောင်း သိရသည်။

မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက်တွင် စားအုန်းဆီရောင်းချနေမှုများအား မြန်အောင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးမြင့်နိုင်နှင့်အတူ  မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများသည် ပြည်သူများအား စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့် ရောင်းချရာတွင် သတ်မှတ်စျေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ပမာဏ မှန်ကန်မှုရှိ/မရှိ  ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မြန်အောင်မြို့နယ်တွင် လစဥ်စားအုန်းဆီ (၉၁၁)ပေပါကို လက်ကားကိုယ်စားလှယ် (၁၀)ဦးတို့က စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် တစ်လလျှင်ဆီ တစ်ပိဿာငါးဆယ်ကျပ်သားကို သတ်မှတ်ရည်ညွှန်းစျေးအတိုင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)