ကော့မှူးမြို့နယ်၌ သမဝါယမအသင်းသားတောင်သူများအား သွင်းအားစုနှင့် သက်တန့်ရောင် စီမံကိန်းရန်ပုံငွေပေးအပ်

ကော့မှူး ဇူလိုင် ၂၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်သမဝါယမအသင်းသား တောင်သူများအား သွင်းအားစုပေးအပ်ခြင်းနှင့် သက်တန့်ရောင်စီမံကိန်းရန် ပုံငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်က တောင်ပိုင်းရပ်ကွက် မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စုစုထွေးက သွင်းအားစု ပံ့ပိုးပေးခြင်းနှင့် သက်တန့်ရောင်စီမံကိန်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် တာဝန်ရှိသူများက နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်တောင်သူ(၃၉၅)ဦး၊ စိုက်ပျိုးဧက(၃၄၅၁)ဧကအတွက် တောင်သူလိုအပ်သည့်သွင်းအားစုများနှင့် သက်တန့်ရောင် စီမံကိန်းရန်ပုံငွေဖြင့် အသင်းနှစ်သင်း အသင်းသား(၄၀)ဦးတို့အား ပံ့ပိုးငွေ(၄၁.၆၀)ကျပ်သန်းတို့အား ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါပေးအပ်ပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သမဝါယမအသင်းသားတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်သူရ(ကော့မှူး)