တောင်ကြီး ဇူလိုင်၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးမြို့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ဖြည့်စွက် ခွင့်ပြုငွေ တောင်းခံမည့်လုပ်ငန်း/စီမံကိန်းများနှင့် ၂၀၂၇- ၂၀၂၈ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လိုသည့် စီမံကိန်းများနှင့်ပတ်သက်၍လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၅ ရက် နံနက် ၁၀ နာရီက ခရိုင်/မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဆောင်းရွှေနှင့် မြို့နယ်စီမံကိန်းရေးဆွဲအကောင် အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းတို့က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် သက်ဆိုင်ရာဌာနများက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမည့် လုပ်ငန်း/စီမံကိန်းများနှင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လိုသည့် စီမံကိန်းများကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြသည်။
ဆွေးနွေးတင်ပြချက်များနှင့်ပတ်သက်၍ တောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်ကြည်က ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)