တောင်ကြီး ဇူလိုင် ၂၅
၂၀၂၆-၂၀၂၇ ပညာသင်နှစ်ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်အခြေခံပညာ အလယ်တန်းအဆင့်သင်(အတွေ့အကြုံရှိ) ဆရာဆရာမများအတွက် ဆရာအတတ်ပညာတတ် ကျွမ်းမှုစံသတ်မှတ်ချက် အညွှန်းဘောင်ဆိုင်ရာ အရည်အသွေးမြှင့်ခရိုင်အဆင့်(ဆင့်ပွား) ဆွေးနွေးပွဲကို ဇူလိုင် ၂၅ ရက် နံနက် ၈ နာရီက အမှတ်(၁၂)အခြေခံပညာ အထက်တန်းကျောင်း၊ ပညာအလင်္ကာခန်းမ၌ ပြုလုပ်ခဲ့သည်။
ဦးစွာ ခရိုင်ပညာရေးမှူး (ကိုယ်စား)တောင်ကြီးခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဆရာကြီး ဦးနိုင်းဟာက အဖွင့်အမှာစကားပြောကြားသည်။ သင်တန်းမှူး ဆရာမကြီး ဒေါ်နန်းလောင့်န်အွမ်(လက်ထောက်ညွှန်ကြားရေးမှူး-ပညာ)ကသင်တန်း ရည်ရွယ် ချက်နှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲကို တောင်ကြီးခရိုင် အခြေခံပညာအလယ်တန်းအဆင့်သင် (အတွေ့အကြုံရှိ) ဆရာဆရာမများမှ အလယ်တန်း ပြဆရာ၊ ဆရာမ(၃၇)ဦးကို ၂၅-၇-၂၀၂၆ရက်နေ့မှ၂၇-၇-၂၀၂၆ ရက်နေ့အထိ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)