သတင်းများ

ညောင်တုန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့် နေအိမ်အား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး
Jul 19,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
မြောင်းမြမြို့ ကျက်သရေဆောင်သာသနာ့ဗိမ္မာန်တော်ကြီးတွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Jul 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က မြို့ကျက်သရေဆောင်သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် မြေဆီလွှာတိုးတက်ကောင်းမွန်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုးစေ့နှင့် သွင်းအားစုများ (အခမဲ့)ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jul 19,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မြေဆီလွှာ တိုးတက် ကောင်းမွန်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး စပါး၊ ဆီထွက်သီးနှံ၊ ချည်မျှင်ရှည်ဝါ၊ ပိုက်ဆံလျှော် မျိုးစေ့များနှင့်သွင်းအားစု သဘာဝမြေဩဇာများ(အခမဲ့)ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့ရကြောင်း သိရသည်။
နမ့်စန်တွင် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
Jul 19,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နေ့လည် ၂ နာရီခွဲက မြို့နယ်ကျောက်တိုင် အားကစားကွင်းအတွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲမင်္ဂလာအခမ်းအနားကျင်းပ
Jul 19,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ မိဘဆရာအသင်းအမှုဆောင်အဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနှင့် ကျောင်းသား မိဘများမှ စုပေါင်း၍ အဆိုပါကျောင်းရှိ ပညာရတနာခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲမင်္ဂလာအခမ်းအနား ကျင်းပကြောင်းသိရသည်။
တပ်ကုန်းမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေးကွင်းဆင်းဆောင်ရွက်
Jul 19,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အခွန်ဦးစီးဌာနမှ ဦးဆောင်၍ အခွန်ဆိုင်ရာ အသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
မင်းလှမြို့နယ်တွင် ‌ရေဘေးသင့်အိမ်‌ ထောင်စုများအား မြို့နယ်စီမံအုပ်ချုပ်‌‌ရေးအဖွဲ့မှ ဆန်၊ ဆီနှင့် ‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုး‌‌ငွေထောက်ပံ့
Jul 19,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှု‌‌ကြောင့် ရေ‌ဘေးသင့်အိမ်‌ထောင်စုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆန်၊ ဆီ ထောက်ပံ့‌ပေးခြင်း၊ လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုးငွေထောက်ပံ့‌‌‌ပေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် ဥယျာဥ်ကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံတို့တွင် ဆောင်ရွက်ခဲ့သည်။