တပ်ကုန်းမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေးကွင်းဆင်းဆောင်ရွက်

တပ်ကုန်း ဇူလိုင် ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အခွန်ဦးစီးဌာနမှ ဦးဆောင်၍ အခွန်ဆိုင်ရာ အသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါဆောင်ရွက်ရာတွင် မြို့နယ်အခွန်ဦးစီးဌာနမှ တာဝန်ရှိသူနှင့် အခွန်ဘဏ္ဍာငွေတိုးတက် ကောက်ခံရရှိရေး အထောက်အကူပြုအဖွဲ့က ဖုန်းအရောင်းဆိုင်၊ ရွှေဆိုင်၊ စားသောက်ဆိုင်နှင့် တည်းခိုခန်းများတွင်  အခွန်ဆိုင်ရာလိုက်နာဆောင်ရွက်ရန် ပျက်ကွက်သူများအား တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရေး၊ စည်းကြပ်တောင်းခံထားသည့်အခွန်များ၊ လစဉ်ပေးသွင်းရမည့် အခွန်ငွေများ အပြည့်အဝကောက်ခံရရှိရေး၊ အခွန်တံဆိပ်ခေါင်းများ ကပ်နှိပ်ရောင်းချစေရေး အတွက် အရောင်းဆိုင် ၁၃ ဆိုင်မှ ပိုင်ရှင်များနှင့်တွေ့ဆုံ၍  အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်