မင်းလှမြို့နယ်တွင် ‌ရေဘေးသင့်အိမ်‌ ထောင်စုများအား မြို့နယ်စီမံအုပ်ချုပ်‌‌ရေးအဖွဲ့မှ ဆန်၊ ဆီနှင့် ‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုး‌‌ငွေထောက်ပံ့

အထက်မင်းလှ ဇူလိုင် ၁၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှု‌‌ကြောင့် ရေ‌ဘေးသင့်အိမ်‌ထောင်စုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆန်၊ ဆီ ထောက်ပံ့‌ပေးခြင်း၊ လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုးငွေထောက်ပံ့‌‌‌ပေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် ဥယျာဥ်ကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံတို့တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်‌‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မြစ်ရေကြီးမှုဖြစ်ပွားနေခြင်းကြောင့် ကျန်းမာရေးဂရုပြုနေထိုင်ကြရန်၊‌ ရေ‌ဝင်ရောက်၍ ယာယီ‌ပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စုဝင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အိမ်ထောင်စုတစ်စုလျှင် ဆန်၊ ဆီ ထောက်ပံ့‌‌ပေးနေမှုများ၊ ရေဘေးကယ်ဆယ်‌ရေးစခန်းများဖွင့်လှစ်၍ ‌ကူညီ‌ဆောင်ရွက်ပေးနေမှုများ၊ မြစ်ရေကြီးနေချိန်တွင် မြွေ‌အန္တရာယ်သတိပြု‌‌‌‌‌‌‌‌‌‌‌‌‌‌နေထိုင်ကြရန်၊ မသန့်ရှင်းသော‌ရေများ သောက်သုံးခြင်းမပြုရန်၊ ရေကိုကြိုချက်၍ သောက်သုံးရန်၊ လက်ကိုစနစ်တကျဆေးကြောရန်၊ ဝမ်းပျက်ဝမ်း‌လျှောရောဂါလက္ခဏာဖြစ်ပေါ်ပါကနီးစပ်ရာ ကျန်းမာရေးဌာနသို့ အချိန်မီကုသခြင်းဆောင်ရွက်ရန် ဆွေးနွေးပြောကြားသည်။ ထို့‌‌နောက် မြို့မစခန်းမှူး ဒုရဲမှူး ကျော်သန်းထွဋ်က မြစ်ရေကြီးနေစဉ်တွင် ကျန်းမာရေးဝန်ကြီးဌာ၏ ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များအတိုင်း ဂရုပြုလိုက်နာနေထိုင်ကြရန်‌ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဆွေးနွေးပြောကြားသည်။ ဆက်လက်၍‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ‌‌ဒေါ်ဇင်နီလာဦး က‌ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ‌ ရေဘေးသင့်အိမ်ထောင်စုများအား ဆန်၊ ဆီ ထောက်ပံ့ပေးခြင်း ပြုလုပ်ခဲ့ရာ မြို့မရပ်ကွက်၊ တောင်ရပ်ကွက်၊ ရုံးရပ်ကွက်‌‌တောင်ပိုင်းရပ်ကွက်၊ ကိုင်းကျေးရွာ၊ သဖန်း‌ချောင်းကျေးရွာ၊ ပေတောကန္နားကျေးရွာ၊ ဥယျာဉ်ကျေးရွာမှ ရေဘေးသင့်အိမ်ထောင်စု(၅၀၃)စုအတွက် တစ်အိမ်ထောင်လျှင် ဆန်(၁)ပြည်၊ ဆီ(၂၅)ကျပ်သားထောက်ပံ့ပေးခဲ့သည်။ ထို့‌‌နောက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ထောင်စု(၁၇၈)စု၊ လူဦး‌ရေ(၇၆၄)ဦးအတွက် လူတစ်ဦးလျှင် ဆန်ရိက္ခာဖိုးကျပ်(၂၁၀၀/)နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၁၆၀၄၄၀၀/)ကို မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်(၁)ဗိုလ်မှူး မြတ်သူ၊ မြို့မစခန်းမှူးဒုရဲမှူး ကျော်သန်းထွဋ်၊ မင်းလှမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်နီလာဦးနှင့် ဝန်ထမ်းများက ရေဘေးသင့်အိမ်ထောင်စုများ ထံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဇာဇာ