သတင်းများ

ကြံခင်းမြို့ရှိ ရွှေသာလျောင်းဘုရားနှင့် လဲဝါဘုန်းတော်ကြီးကျောင်းကြားရှိ ရေကာတာ ရေစိမ့်ဝင်မှုအား သဲအိတ်များဖို့ခြင်းနှင့် ကာရံထိန်းပိုးခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Jul 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ ရွာသစ်ရပ်ကွက်ရှိ ရွှေသာလျောင်း ဘုရားနှင့်လဲဝါဘုန်းတော်ကြီးကျောင်း ကြားရှိ ရေကာတာ ရေစိမ့်ဝင်မှု့အား သဲအိတ်များ ဖို့ခြင်းနှင့် ကာရံထိန်းပိုးခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ယမန်နေ့မွန်းလွဲ​ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြသည်။
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင် ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြု ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jul 19,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ကယားပြည်နယ်မှ ဒေသအခက်အခဲ ကြောင့် ထွက်ခွာလာသော ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင် ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက တောင်ကြီးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပညာအလင်္ကာခန်းမ၌ ကျင်းပသည်။
မင်္ဂလာဒုံမြို့နယ်တွင် ခရိုင်သန်းခေါင်စာရင်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Jul 19,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် သန်းခေါင်စာရင်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄)ကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီက ကျင်းပပြုလုပ်သည်။
 ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 19,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ​ရွှေဘိုမြို့နယ် သန်း​ခေါင်စာရင်း​ကော်မတီ  ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ည​နေပိုင်းက အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့​ကြောင်းသိရသည်။
ရတနာပုံတက္ကသိုလ်၌ အခြေခံငါးမွေးမြူရေးနှင့် ငါးဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်း (၁/၂၀၂၄)သင်တန်းပို့ချ
Jul 19,2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ် သတ္တဗေဒဌာနတို့ ပူးပေါင်း၍ သင်ကြားရေး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား စာတွေ့၊ လက်တွေ့စမ်းသပ်မှုပညာရပ်များအကြောင်း ကျွမ်းကျင်နှံ့စပ်စွာ သိရှိစေရန်နှင့် အသိပညာအတတ်ပညာပိုင်းဆိုင်ရာများ တိုးတက်ကောင်းမွန်စေရေးတို့ကို ရည်ရွယ်ပြီး အခြေခံငါးမွေးမြူရေးနှင့် ငါးဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်း(၁/၂၀၂၄)ကို ဇူလိုင် ၁၇ ရက်မှစတင်၍ အဆိုပါတက္ကသိုလ်ရှိ သတ္တဗေဒဌာန လက်တွေ့စာသင်ခန်းများတွင် သင်ကြားပို့ချခဲ့သည်။
ကော့သောင်းမြို့တွင် လူမှုမီဒီယာအကျိုးရှိစွာအသုံးပြုရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Jul 19,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူမှုမီဒီယာအားအကျိုးရှိစွာအသုံးပြုနိုင်ရေး ယမန်နေ့ ညနေပိုင်းအချိန်က အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသူများအား ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်ရှိ အဆိုပါသင်တန်းကျောင်းခန်းမတွင် အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။
တာချီလိတ်၌ လူထုအခြေပြုရော်ဘာပြုပြင်ထုတ်လုပ်ရေးစင်တာဖွင့်လှစ်ခြင်းနှင့် တောင်သူများသို့ မိတ်ဆက်ခြင်း အခမ်းအနားကျင်းပ
Jul 19,2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ(၂၀၂၂)အထောက်အပံ့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် “ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လူထုအခြေပြုရော်ဘာပြုပြင်ထုတ်လုပ်ရေးစင်တာများ တည်ထောင်ခြင်း” စီမံကိန်းအစီအစဉ်ဖြင့် လူထုအခြေပြု ရော်ဘာပြုပြင်ထုတ်လုပ်ရေးစင်တာ ဖွင့်လှစ်ခြင်းနှင့် တောင်သူများသို့ မိတ်ဆက်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဟာကျာမနူးကျေးရွာရှိ လူထုအခြေပြုရော်ဘာ ပြုပြင်ထုတ်လုပ်ရေးစင်တာတွင် ကျင်းပပြုလုပ်ခဲ့သည်။