သတင်းများ

မုဒုံမြို့၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကျင်းပ
Jul 19,2024
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (မုဒုံမြို့)တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီက သင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။
အုတ်တွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Jul 19,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍(၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေကြီးမှု‌ကြောင့် ရေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်
Jul 19,2024
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊မင်းလှမြို့နယ်တွင်ဧရာဝတီမြစ်ရေကြီးမှု‌‌‌ကြောင့် ရပ်ကွက် ၊ကျေးရွာများမှ‌ ရေဘေးသင့်အိမ်ထောင်စု(၁၀၆၉)စုနှင့် လူဦး ရေ(၄၃၁၄)ဦးရှိကြောင်း မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ယာယီပြောင်းရွေ့နေထိုင်သည့် အိမ်ထောင်စုများအား ဆန်ရိက္ခာဖိုးထောက်ပံ့ငွေပေးအပ်
Jul 19,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သရက်တောရပ်ကွက် ၊ရွှေဂူကြီးဘုရား ဓမ္မာရုံတွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ယာယီပြောင်းရွေ့နေထိုင်သည့် အိမ်ထောင်စုများရှိ လူဦးရေတို့အား ပြည်ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ များကို ယမန်နေ့ နေ့လယ်ပိုင်းက ပေးအပ်ခဲ့ကြောင်းသိရသည်။
မုက္ကဒိကျေးရွာ၌ စက်ချုပ်နည်းပညာသင်တန်း အခမဲ့ဖွင့်လှစ်
Jul 19,2024
ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေတိုးပွားရေး၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးအတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးဆောင်၍ အခမဲ့စက်ချုပ်နည်းပညာသင်တန်းကို ဘားအံမြို့နယ်၊ မုက္ကဒိကျေးရွာ၌ ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။
ပြည်မြို့ ရေဘေးရှောင်ပြည်သူများအတွက် ပြည်ခရိုင်ဘေးအန္တယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ‌ ဆန်ရိက္ခာဖိုးနှင့် သစ်ပင်ပိတစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်တစ်လုံးအတွက် ထောက်ပံ့ငွေများ ပေးအပ်
Jul 19,2024
ပြည်မြို့တွင်  ‌ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဇူလိုင် ၁၇ ရက်နေ့တွင် မြို့နယ်‌ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ရွှေ့ပြောင်းခဲ့ကြသော ရေဘေးရှောင်အိမ်ထောင်စု ၁၇၂ စုမှ လူဦးရေ ၆၆၂ဦးတို့အတွက် ဆန်ရိက္ခာဘိုးထောက်ပံ့ငွေကျပ် ၂၇၈၀၄၀၀ အား ယမန်နေ့မွန်းလွဲ ၁နာရီအချိန်က  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့်အတူ ပြည်ခရိုင်ဘေးအန္တယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ‌ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ဗဟန်းမြို့နယ်ရှိ အိမ်တွင်းမှုသက်​မွေးလုပ်ငန်း ပညာသင်ကျောင်း၏ (၂/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်
Jul 19,2024
ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၂)ရပ်ကွက်၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်း၌ (၂/၂၀၂၄ ) သင်တန်းဆင်းပွဲ အခမ်းအနားအား ယမန်​နေ့နံနက် ၈း၀၀ နာရီက ကျင်းပပြုလုပ်‌ခဲ့​ကြောင်းသိရသည်။
ရပ်စောက်မြို့နယ်တွင် သဘာဝဘေးကြိုတင်ကာကွယ်ရန် ရှာဖွေကယ်ဆယ်ရေးစုဖွဲ့ထားရှိမှုနှင့် ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်
Jul 19,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ ဗထူးတပ်နယ်နှင့် ရပ်စောက်မြို့နယ် သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးကြီးကြပ်မှုကော်မတီမှ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ပါက ရှာဖွေကယ်ဆယ်ရေးအသင့်စုဖွဲ့ထားရှိမှုနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်မှု အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက ဗထူးတပ်နယ်အားကစားကွင်း၌ ကျင်းပသည်။