သတင်းများ

ကျိုက်လတ် တိလောကမာရဇိန်မြတ်စွာဘုရားကြီးတွင် (၂၀) ကြိမ်မြောက် ဝါဆိုသင်္ကန်း၊ ပန်းဆက်ကပ်လှူဒါန်းပွဲနှင့် စတုဒိသာနိဗ္ဗာန်ဈေးပွဲတော်ကျင်းပ
Jul 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ (၇)ဖြတ်လမ်းရှိ မြို့ကျက်သရေဆောင် တိလောကမာရဇိန်မြတ်စွာ ဘုရားကြီးတွင် ၁၃၈၆ခုနှစ်၊ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)၌ နံနက် ၈ နာရီခန့်က (၂၀) ကြိမ်မြောက် ဝါဆိုသင်္ကန်း၊ ပန်းဆက်ကပ်လှူဒါန်းပွဲ နှင့် စတုဒိသာနိဗ္ဗာန်ဈေးပွဲတော် ကျင်းပခဲ့သည်။
စဥ့်ကိုင်မြို့နယ်တွင် ဝါဆိုလပြည့်‌နေ့ (ဓမ္မာစကြာအခါတော်)နေ့၌ တန်ခိုးကြီးဘုရားများတွင် ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကား
Jul 20,2024
မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)သည် ဗုဒ္ဓဘာသာဝင်တို့၏ ထူးခြားသောနေ့ဖြစ်၍ မြတ်စွာဘုရားရှင်မြတ်၏ ထူးခြား‌သောဖြစ်စဉ်တို့ကို အာရုံပြုလျက် အနယ်နယ်အရပ်ရပ်၌ တန်ခိုးကြီးဘုရားများတွင် ဘုရားဖူးပြည်သူများဖြင့် စည်းကားလျက်ရှိရာ မန္တ‌လေးတိုင်း‌ဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများဖြစ်သည့်  ရတနာလာဘမုနိ ဆုတောင်းပြည့်မြွေဘုရားနှင့် ပေါ်တော်မူမြတ်စွာဘုရားတို့တွင် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) နံနက်ပိုင်းက ဘုရားဖူးပြည်သူများ၊ ကုသိုလ်ဒါနပြုကြသူများဖြင့် အထူးစည်းကားသိုက်မြိုက်လျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည် ပေစိကျွန်းကျေးရွာအတွင်း မြစ်ရေဝင်ရောက်နေမှုအား ရှုစစ်ဆေး
Jul 20,2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်အဖွဲ့သည် ယမန်‌နေ့ မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပေစိကျွန်းကျေးရွာအုပ်စု၊ ပေစိကျွန်းကျေးရွာသို့ ရောက်ရှိလာပြီး အ‌ခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ကျေးရွာအတွင်း မြစ်ရေဝင်ရောက်နေမှုအား လိုက်လံကြည့်ရှု့စစ်ဆေး၍ ပေစိကျွန်းကျေးရွာရှိ အိမ်ထောင်စု (၁၀၀)အတွက် ရေသန့်ဆေးပြား (၂၀၀)ကဒ် ပေးအပ်ခဲ့ပြီး မြစ်ရေဝင်ရောက်မှုနှင့် ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အိမ်မဲမြို့နယ် အသောကရုံ ကျောင်းတိုက်သို့ ပိဋကတ်သုံးပုံကျမ်း စာအုပ်များလှူဒါန်း
Jul 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ချောင်းဝရပ်ကွက်(၂)လမ်းရှိ အသောကရုံ ကျောင်းတိုက်သို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပိဋကတ်သုံးပုံ ကျမ်းစာအုပ် (၄၀)အား လှူဒါန်းခဲ့ရာ အဆိုပါကျမ်းစာအုပ်များအား ဓမ္မရတနာ (၂)ထပ်ဓမ္မာရုံတော်ကြီးသို့ ပင့်ဆောင် ပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်တွင် ကျင်းပခဲ့သည်။
အင်းစိန်မြို့နယ် လောကချမ်းသာအဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီး)ဘုရား၌ ဝါဆိုလပြည့်နေ့၊ ဓမ္မစင်္ကြာရွတ်ဖတ်ပူဇော်ပွဲနှင့် ဘုရားဖူးပြည်သူများဖြင့် စည်ကား
Jul 20,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ လောကချမ်းသာအဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီး)ဘုရား၌ ဝါဆိုလပြည့်နေ့၊ဓမ္မစင်္ကြာ ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့နံနက်(၇)နာရီက အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ မင်းဓမ္မကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်တော်မူသော လောကချမ်းသာအဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီး)ဘုရားရှိ ဂန္ဓကုဋိတိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ရေနှင့်တစ်ကိုယ်ရည်သန့်ရှင်းရေး အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်
Jul 20,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာနက မြို့နယ်အတွင်းရှိ စီမံကိန်းဝင်ကျေးရွာ (၂၅) ရွာအနက် ဟိုမန်း၊ ပါဆာ၊ နမ့်ဟူးလွယ်ကာ၊ ခုံကွတ် ကျေးရွာအား ရေနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး အသုံးအဆောင်ပစ္စည်းများကို ယမန်နေ့က ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့သည်။
ကျောင်းကုန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
Jul 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၁၃၈၆ ခုနှစ်ဝါဆို လပြည့်နေ့ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၆ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ခရိုင်ရုံးအား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ
Jul 20,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်သည် ဇူလိုင် ၁၈ ရက် ညနေပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအား ကြည့်ရှုစစ်ဆေးပြီး ခရိုင်အတွင်းရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သ