သတင်းများ

ပုံပါကျင်မြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jul 19,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အမှတ်(၂၉)မူးယစ်ဆေး၀ါး တားဆီးနှိမ်နှင်း‌ရေးရဲတပ်ဖွဲ့နှင့် ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၁) နာရီခွဲက ပုံပါကျင်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
လှည်းကူးမြို့နယ်၊ သမဝါယမကောလိပ်(ဖောင်ကြီး)တွင် သစ်တောသစ်ပင် စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jul 19,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင် စိုက်ပျိုးခြင်း၊ ပြုစုထိန်းသိမ်းခြင်းတို့ကို ပြည်သူလူထုအတွင်း နိုးကြားသောအသိစိတ်ဓာတ် ရှင်သန်စေရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက လှည်းကူးမြို့နယ်၊ သမဝါယမကောလိပ်(ဖောင်ကြီး)၌ ကျင်းပသည်။
ဒိုက်ဦးမြို့နယ်၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ
Jul 19,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်လာစေရန်၊ နှုတ်မှုစွမ်းရည်များ တိုးတက်မြင့်မားလာစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အသိပညာများ၊ အတတ်ပညာများဖလှယ်နိုင်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယမန်နေ့ မနက်ပိုင်းက ပနွတ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပကြောင်း သိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံနှင့်အဆင့်မြင့် မော်တာအပ်ချုပ်စက် သင်တန်းဆင်းပွဲအခမ်းအနားသို့တက်ရောက်
Jul 19,2024
ကရင်ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဖွင့်လှစ်သော ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံနှင့်အဆင့်မြင့်မော်တာ အပ်ချုပ်စက်သင်တန်း အမှတ်စဉ်(၁၁) ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ လှာကမြင် ကွက်သစ်ရှိ ပြည်နယ်ကျေးလက်ရုံးခန်းမ၌ ကျင်းပသည်။
ပွင့်ဖြူမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ရေဘေးသင့်ပြည်သူများ စားသောက်ရေးအဆင်ပြေစေရန် သောက်ရေသန့်နှင့် ငရုတ်ကြော်၊ ငါးပိကြော် ထောက်ပံ့ပေးအပ်
Jul 19,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးကြုံတွေ့နေသည့် ဇီးကျွန်းကျေးရွာ၊ အရှေ့လေးအိမ်ကျေးရွာ၊ ငါးခြောက်ကျွန်းကျေးရွာနှင့် ငှက်တောကုန်းကျေးရွာရှိ ဒေသခံပြည်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီ အသင်းခွဲက သောက်ရေသန့်နှင့်ငရုတ်ကြော်၊ ငါးပိကြော်များ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့ရှိ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ရေးဘေးရှောင် ပြည်သူများအား စာဆီများထောက်ပံ့ပေးအပ်
Jul 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ရှိ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ရေဘေးရှောင်ပြည်သူများအား ယမန်နေ့နံနက်ပိုင်းက တလိုင်းကွင်းအုပ်စုရှိ အိမ်ထောင်စု ၁၈၇ စု အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အလှူရှင်များက ထောက်ပံ့ပေးအပ်သည်။
ချမ်းမြသာစည်မြို့နယ်တွင် Biometric ကောက်ယူခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကျင်းပ
Jul 19,2024
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် မြို့သစ်(၃)ရပ်ကွက်ရှိ အမှတ်(၃၀) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က Biometric ကောက်ယူခြင်း လုပ်ငန်းနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်‌ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ဒဂုံတက္ကသိုလ်၌ (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပ
Jul 19,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံ​မြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဒဂုံတက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူများ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးသိတတ်ရန်၊ ကျေးဇူးဆပ်ရန်၊ နောင်အနာဂတ်တွင် ပိုင်စိုးမည့်သူများဖြစ်သည့်အတွက် ကျောင်း၏ တာဝန်များကို ကျေပွန်အောင်ဆောင်ရွက်ရန်၊ အများအကျိုး သယ်ပိုးဆောင်ရွက်သူများ ဖြစ်စေရန်၊ နိုင်ငံ့တာဝန်ကို ပခုံးပြောင်း တာဝန်ထမ်းဆောင်မည့် သူများဖြစ်စေရန်ရည်ရွယ်၍ (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီက ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။