သတင်းများ

ကျောက်ပန်းတောင်းမြို့နယ်တွင် ဝါတွင်းကာလပထမဆွမ်းလောင်းပတ်အဖြစ် ရပ်ကွက်အသီးသီးရှိ ဓမ္မာရုံများတွင် ဆွမ်းလောင်းလှူ ကုသိုလ်ယူ
Jul 20,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဝါတွင်းကာလ၌ ရပ်ကွက်/ကျေးရွာအသီးသီးရှိ ဓမ္မာရုံများတွင် ဆွမ်းလောင်းပွဲများ ကျင်းပလေ့ရှိကြရာ၊ ယခုဝါတွင်းကာလ ပထမဆုံးဆွမ်းလောင်းပတ်အဖြစ် ယနေ့နံနက်(၆)နာရီမှစတင်၍ မြို့ပေါ်ရပ်ကွက်အသီးသီးရှိ ဓမ္မာရုံများတွင် ဆွမ်းလောင်းလှူပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
သရက်မြို့၌ (၈၂)ကြိမ်မြောက် သာသနာ့အနွယ်ဝင်သီလရှင်(၆၀)ပါးအား ဆွမ်းဆန်တော်နှင့်အလှူငွေ လောင်းလှူ
Jul 20,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ လစဉ် လပြည့်နေ့တိုင်း လှူဒါန်းလျက်ရှိသည့် (၈၂)ကြိမ်မြောက် သာသနာ့အနွယ်ဝင်သီလရှင်(၆၀)ပါးအား ဆွမ်းဆန်တော်နှင့် အလှူငွေလောင်းလှူပွဲကို ယမန်နေ့နံနက်(၈)နာရီက ပြည်တော်အေးရပ်ကွက် ဆင်ဖြူတော်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ(အထူးဒေသ)၌ ယာယီနေရပ်စွန့်ခွာလာသည့်ပြည်သူများအတွက် အိမ်အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့
Jul 20,2024
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သည့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က မြိုင်ကြီးငူအထူးဒေသ အ.ထ.က(ခွဲ)ကျောင်း၊ စုံချစ်မြိုင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များကွပ်ကဲရေးနှင့်   ဗဟိုအကြံပေးရေးအဖွဲ့ ဒုတိယဗိုလ်မှူးကြီး ကျော်ထူး၊ ဘားအံခရိုင် စီမံအုပ်ချုပ်ရေးမှူးဥက္ကဋ္ဌ ဦးအောင်လွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လှိုင်းဘွဲမြို့နယ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ယာယီနေရပ်စွန့်ခွာသည့် အိမ်ထောင်စုဝင်များ တက်ရောက်ခဲ့ကြသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် တိုင်းဒေသကြီးအတွင်း အောင်ချက်အကောင်းဆုံးရရှိသည့် မြို့နယ်များ၊ ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားသို့
Jul 20,2024
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် တိုင်းဒေသကြီးအတွင်း အောင်ချက်အကောင်းဆုံးရရှိသည့် မြို့နယ်များ၊ ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၉ နာရီခွဲက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ အနောက်ပိုင်း လေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ် သိန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တက္ကသိုလ်များရှိ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အခြေခံပညာနှင့် ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဆရာ/ ဆရာမများ၊ ထူးချွန် ကျောင်းသား/ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဧရာဝတီမြစ်နှင့် ငဝန်မြစ်တစ်လျှောက် မြစ်ရေဝင်ရောက်သည့်မြို့များအား လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် ယာယီရေဘေးရှောင်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်
Jul 20,2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများသည် ယမန်နေ့နံနက်ပိုင်းတွင် မြစ်ကမ်းဘေးရှိမြို့များ၌ မြစ်ရေတက်ရောက်မှုနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Jul 20,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့ညနေပိုင်းက ဌာနဆိုင်ရာရုံးများ၊ ကျောင်းများ၊ ရပ်ကွက်များအတွင်းတွင် ဆောင်ရွက်ခဲ့သည်။
ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်အထက် ၁၂၄ စင်တီမီတာ (၄)ပေကျော် မြင့်တက်
Jul 20,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့၌ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပြီး ယမန်နေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာအထက် ၁၂၄ စင်တီမီတာ(၄)ပေကျော် မြင့်တက်နေသေးကြောင်း ညောင်ဦးခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်လှနုထွေးထံက သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနား ကျင်းပ
Jul 20,2024
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၁၈)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်သည့်အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။