သတင်းများ

ပခုက္ကူမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအား ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေး ဟောပြော
Jul 22,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအား ယနေ့နံနက် ၉ နာရီအချိန်က ဝမ်းပျက်ဝမ်းလျှော‌ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး ဟောပြောခဲ့သည်။
မောက်မယ်မြို့နယ်တွင် နွေနှမ်းများ အောင်မြင်ဖြစ်ထွန်း
Jul 22,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် နွေစပါးစိုက်ပျိုးမည့်အစား လယ်ထဲ၌ရေသွင်းစိုက်ပျိုးထားသော မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဖြန့်ဖြူးပေးသည့် ဆင်းရတနာ−၁၄ နွေနှမ်းများ အသီးရင့်နေပြီဖြစ်၍ စတင်ရိတ်သိမ်းနေပြီဖြစ်ကာ မိုးဦးကောင်းမွန်သောကြောင့် အပင်များ အောင်မြင်ဖြစ်ထွန်းပြီး မိုးစပါးစိုက်ပျိုးချိန်အမီ စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။
မောက်မယ်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေပုံမှန်ထုတ်ပေးလျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိ
Jul 22,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်က မြို့နယ်အတွင်းရှိ ပင်စင်အငြိမ်းစားဝန်ထမ်းများကို ယနေ့နံနက်(၈)နာရီခွဲအချိန်က ပင်စင်လစာငွေများစနစ်တကျပုံမှန်ထုတ်ပေးလျက်ရှိရာ စိတ်အေးချမ်းစွာလာရောက်ထုတ်ယူလျက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ မွေးမြူရေးလုပ်ငန်းဆိုင်ရာ တောင်သူအသိပညာပေးသရုပ်ပြပွဲ ကျင်းပ
Jul 22,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ “မွေးမြူရေးလုပ်ငန်းဆိုင်ရာ တောင်သူ သရုပ်ပြပွဲ”ကို လွယ်လုံကျေးရွာတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
Jul 22,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က သီရိမင်္ဂလာ ရွှေချမ်းသာမွေတော်ဘုရားကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ကျိုင်းတောင်းမြို့၌ အငြိမ်းစားပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Jul 22,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ မြန်မာ့စီးမွားရေးဘဏ်၌ အငြိမ်းစားပင်စင်လစာငွေများကို ယနေ့နံနက် (၈) နာရီအချိန်ခန့်က စတင်၍ ထုတ်ပေးလျက်ရှိရာ အငြိမ်းစားပင်စင်ဝန်ထမ်းများမှ အေးချမ်းစွာလာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။
သရက်မြို့၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အင်ဖက်များအခမဲ့ဖြန့်ဝေခြင်းနှင့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jul 22,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက် စက္ကူအိတ်များ အသုံးပြုနိုင်ရေးအသိပညာပေးခြင်း Campaign နှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၈)နာရီ (၃၀) မိနစ်အချိန်က မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။
မင်းလှမြို့နယ်တွင် မြစ်မခရေမြှင့်တတ်မှုကြောင့် ရေဝင်ရောက်သည့်နေရာများအား တာဝန်ရှိသူများက ကြည့်ရှု့စစ်ဆေး
Jul 22,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြစ်မခရေမြှင့်တတ်မှုကြောင့် ရေဝင်ရောက်သည့်နေရာများအား ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။