ကျောက်ဆည် ဇူလိုင် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မြေဆီလွှာ တိုးတက် ကောင်းမွန်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး စပါး၊ ဆီထွက်သီးနှံ၊ ချည်မျှင်ရှည်ဝါ၊ ပိုက်ဆံလျှော် မျိုးစေ့များနှင့်သွင်းအားစု သဘာဝမြေဩဇာများ(အခမဲ့)ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့ရကြောင်း သိရသည်။
အခမ်းအနားတွင် ကျောက်ဆည်ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးချစ်ဆွေဦးက ကျောက်ဆည်ခရိုင်၌ ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း သီးနှံစိုက်ဧက(၅၈၂၃၈၅)ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ အဓိကသီးနှံများဖြစ်သည့် စပါး(၁၄၆၅၇၇)ဧက၊ နေကြာ (၃၄၁၀၈)ဧကနှင့် ဝါ(၃၄၄၂၉)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊သီးနှံများ တစ်ဧက ပန်းတိုင် အထွက်နှုန်းရရှိရေး အကျိုးဆောင်တောင်သူများနှင့် ပူးပေါင်းပြီး စံပြကွက်၊ စမ်းသပ်ကွက်များ လက်တွေ့ပြသ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့ပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က နိုင်ငံတော်မှ အဓိကသီးနှံများဖြစ်သည့် စပါး၊ ဆီထွက်သီးနှံနှင့် ဝါသီးနှံများ စိုက်ဧကတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ပံ့ပိုးကူညီလျက်ရှိပါကြောင်း အကျိုးဆောင်တောင်သူများနှင့်ပူးပေါင်းပြီး ကွင်းသရုပ်ပြပွဲများပြုလုပ်၍ သီးနှံများ တစ်ဧကအထွက်နှုန်းတိုးတက်ရန် နည်းပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျောက်ဆည်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးချစ်ဆွေဦး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်တို့က ပင်တလည် ကျေးရွာအုပ်စုမှ တောင်းသူဦးကျော်ငွေထွန်း၊ကျီးအိပ်ကျေးရွာအုပ်စုမှ တောင်သူ ဦးတင်ဝင်း၊ ရဲဘော်ကြီး ကျေးရွာအုပ်စုမှ တောင်သူကိုယ်စားလှယ် ဦးညွှန့်ဝင်းတို့အား မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေး မျိုးစေ့နှင့် ကွန်ပေါင်းဓါတ်မြေဩဇာများ၊ နေကြာမျိုးစေ့နှင့် သဘာဝမြေဩဇာများ၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့နှင့် ချည်မျှင်ရှည်ဝါ (B -31) မျိုးစေ့များကို ပေးအပ်ခဲ့ရာ တောင်သူများကိုယ်စား တောင်သူ ဦးညွှန့်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)