သတင်းများ

ကျိုက်လတ်မြို့၌ ‌ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေး တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ ပြည်သူများ မိုးရာသီကာလဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်များနှင့် ရုတ်တရပ် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန် ယမန်နေ့ နေ့လယ်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်‌ဆေးခဲ့ကြသည်။
မွန်ပြည်နယ်အတွင်းရှိ မွန်၊ ကရင်၊ ပအိုဝ်း၊ ဗမာ စာပေနှင့်ယဉ်ကျေးမှုကော်မတီများ တွေ့ဆုံပွဲနှင့် မွန်စာပေပြဋ္ဌာန်းစာအုပ်များပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jul 25,2024
မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဦးဆောင်၍ မွန်ပြည်နယ်အတွင်းရှိ မွန်၊ ကရင်၊ ပအိုဝ်း၊ ဗမာ စာပေနှင့်ယဉ်ကျေးမှုကော်မတီများ တွေ့ဆုံပွဲအခမ်းအနားကို ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ရာ အဆိုပါအခမ်းအနားသို့ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မွန်၊ ကရင်၊ ပအိုဝ်း၊ ဗမာ စာပေနှင့်ယဉ်ကျေးမှုကော်မတီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
တာချီလိတ်မြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 25,2024
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်းနှင့် ရွှေသတ္တုအလတ်စားထုတ်လုပ်မှုလုပ်ငန်း သဘောတူစာချုပ်ချုပ်ဆိုထားသော ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်ရှိ ဟိန်းမေတ္တာကုမ္ပဏီ (SETCL-43,44) လုပ်ကွက်များမှ ပုံချက်ကွင်းဟောင်းပေါ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
မဒေါက်မြို့၌ ရပ်ကွက်အနိမ့်ပိုင်းနေရာများ စစ်တောင်းမြစ်ရေဝင်ရောက်
Jul 25,2024
မဒေါက်မြို့၌ စစ်တောင်မြစ်ရေသည် ယနေ့နံနက် (၆) နာရီခွဲအချိန်က တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေအမှတ် ၁၀၇ဝ စင်တီမီတာအထက် ၁၁၈၈ စင်တီမီတာသို့ရောက်ရှိနေပြီး ရပ်ကွက်အနိမ့်ပိုင်းနေရာများ မြစ်ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ကျောင်းကုန်းမြို့နယ်တွင် ကျား/မအခြေပြုအကြမ်းဖက်မှု ပပျောက်ရေးဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်ပွဲကျင်းပ
Jul 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အေးချမ်းသာယာခန်းမ၌ ကျား/မ အခြေပြု အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲပိုင်း ၂ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်လတ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သံဖြူဇရပ်မြို့နယ်တွင် အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲအခမ်းအနား ကျင်းပ
Jul 25,2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် အခွန်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြေစာအမှတ်တံဆိပ်ဖြင့် ကပ်နှိပ်ရောင်းချသည့် လုပ်ငန်းရှင်များဖြစ်သော စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်းရှင်များ၊ ရွှေနှင့်လက်ဝတ်ရတနာရောင်းချသည့် လုပ်ငန်းရှင်များ၊ လက်ကိုင်ဖုန်း(Handset)နှင့် ဆက်စပ်ပစ္စည်းများရောင်းချသည့် လုပ်ငန်းရှင်များအား အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ကျွန်းလှ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) စီမံချက်ရေးဆွဲနည်း သင်တန်းဖွင့်လှစ်
Jul 25,2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျွန်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) စီမံချက်ရေးဆွဲနည်းသင်တန်းကို ယမန်နေ့နံနက် (၁၀) နာရီက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။