Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
ကေ့ာကရိတ်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရှိ လူနေအိမ်များနှင့်စာသင်ကျောင်းများသို့ ရေများဝင်ရောက်
Jul 25,2024
ဇူလိုင်လ ၂၀ ရက်နေ့မှစတင်၍ နေ့စဉ်မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ဟောင်သရောမြစ်ရေလျှံတက်လျက်ရှိပြီး မြေနိမ့်ပိုင်းရပ်ကွက်များရှိ လူနေအိမ်များနှင့် စာသင်ကျောင်းအတွင်းသို့ ရေများစတင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်း ပညာပေးသင်တန်းဖွင့်လှစ်
Jul 25,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ခင်းများ ပိုးမွှားကျရောက်မှုကင်းစင်စေရန်အတွက် ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်း ပညာပေးသင်တန်းကို ယမန်နေ့နံနက်ပိုင်းက အင်းကောင်းကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံး၌ ဖွင့်လှစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စစ်တုရင်သင်တန်းဖွင့်လှစ်
Jul 25,2024
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်ပိုင်းက စစ်တုရင်ကစားနည်းသင်တန်းဖွင့်လှစ်ပေးကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြော
Jul 25,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်သစ်တောဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့တွင် အခမ်းအနားများကျင်းပရာတွင် အောင်မြင်စွာကျင်းပနိုင်ရေး အခမ်းအနားမှူး သင်တန်းဖွင့်
Jul 25,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် အခမ်းအနားများကျင်းပပြုလုပ်ရာတွင် အောင်မြင်ချောမွေ့စွာ ကျင်းပပြုလုပ်နိုင်ရေး အခမ်းအနားမှူးသင်တန်းကို ယနေ့ နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသည့် စာသင်ကျောင်းအချို့ ပြန်လည်ဖွင့်လှစ်
Jul 25,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့သည့် စာသင်ကျောင်း(၃၀)အား ယာယီပိတ်ထားခဲ့ရာ ယခုအခါ မြစ်ရေ ပြန်လည်ကျဆင်းသွားသဖြင့် ယနေ့နံနက်ပိုင်းက ယာယီပိတ်ထားရသည့် စာသင်ကျောင်းအချို့ကို ပြန်လည်ဖွင့်လှစ် ပညာသင်ကြားပေးနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးအဆက်မပြတ်ရွာသွန်းပြီး လူနေရပ်ကွက်များအတွင်း ချောင်းရေဝင်ရောက် လာသောကြောင့် ဒူးရင်းဆိပ်ကျေးရွာ အနိမ့်ပိုင်းနေသူများ ဘေးလွတ်ရာ ပြောင်းရွှေ့နေထိုင်
Jul 25,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒုံသမိချောင်းရေမြင့်တက်ကာ ဒူးရင်းဆိပ်ကျေးရွာအနိမ့်ပိုင်း ချောင်းကမ်းနံဘေး လူနေရပ်ကွက်များအတွင်းသို့ ရေများဝင်ရောက်လာရာ ယနေ့နံနက်ပိုင်းက ရပ်ကွက်နေပြည်သူအချို့ ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေထိုင်ကြပြီး ရေလွှမ်းမိုးခံပြည်သူများအား တာဝန်ရှိသူတို့ကကူညီနေရာချထားပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Jul 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မိုးရာသီတွင်ဖြစ်ပွားတတ်သည့် ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းမှစ၍ ခနောင်တိုအရှေ့ရပ်ကွက်တွင် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
7685
Page
7686
Page
7687
Page
7688
Current page
7689
Page
7690
Page
7691
Page
7692
Page
7693
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department