ညောင်လေးပင် ဇူလိုင် ၂၅
မဒေါက်မြို့၌ စစ်တောင်မြစ်ရေသည် ယနေ့နံနက် (၆) နာရီခွဲအချိန်က တိုင်းထွာချက်အရ ယင်းမြို့၏စိုးရိမ်ရေအမှတ် ၁၀၇ဝ စင်တီမီတာအထက် ၁၁၈၈ စင်တီမီတာသို့ရောက်ရှိနေပြီး ရပ်ကွက်အနိမ့်ပိုင်းနေရာများ မြစ်ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။
စစ်တောင်းမြစ်ရေဝင်ရောက်မှုနှင့်ပတ်သက်၍ မဒေါက်မြို့အုပ်ချုပ်ရေးမှူး ဦးညီလင်းဇော်က မြို့မ(၁)ရပ်ကွက် အင်းချောင်ဘုန်းတော်ကြီးကျောင်း၊ တိုင်တရာဘုန်းတော်ကြီးကျောင်း၊ မြို့မ(၂)ရပ်ကွက် သာသနာ့ဝံသဘုန်းကြီးကျောင်း၊ တောင်လယ်ဘုန်းကြီးကျောင်း၊ သာသနမဏ္ဍာန်တိုင်ကျောင်းတို့တွင် ကယ်ဆယ်ရေးစခန်း ငါးခုဖွင့်လှစ်ဖို့ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ပါတယ်ဟု ပြောကြားခဲ့သည်။
လက်ရှိတွင် အနိမ့်ပိုင်းနေရာများတွင် မြစ်ရေများဆက်လက်ဝင်ရောက်လျက်ရှိပြီး မြစ်ရေကြီးမှုအန္တရာယ်ကြုံတွေ့လာပါက ကွပ်ကဲရေးရုံးတစ်ရုံးနှင့် အင်းချောင်ဘုန်းကြီးကျောင်း၊ တိုင်တရာဘုန်းကြီးကျောင်း၊ သာသနဝံသဘုန်းကြီးကျောင်း၊ တောင်လယ်ဘုန်းကြီးကျောင်း၊ သာသနမဏ္ဍာန်တိုင်ကျောင်းတို့တွင် ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ဖို့ ကြိုတင်စီစဥ်ထားပြီးဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)