သတင်းများ

ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ထန်းလုံးချောင်းတာပြုပြင်ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ရေဘေးကယ်ဆယ်ရေးစခန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 25,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ထန်းလုံးချောင်းတာ ပြုပြင်ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ရေဘေးကယ်ဆယ်ရေးစခန်းများအား ယမန်နေ့ နံနက်ပိုင်းက ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊(ဆည်မြောင်း) ခရိုင်ဦးစီးမှူး၊ ခရိုင်လမ်းဦးစီးဌာန၊  ခရိုင်ဦးစီးမှူး၊ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ (ဆည်မြောင်း) မြို့နယ်ဦးစီးမှူးတို့ လိုက်ပါ၍ ထန်းလုံးချောင်းတာ ပြုပြင်ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ရေဘေးကယ်ဆယ်ရေးစခန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်အောက် ၁ ဒသမ ၂၈ ပေခန့် ကျဆင်း
Jul 25,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲအချိန် ဧရာဝတီမြစ်ရေတိုင်းထွာချက်အရ ပခုက္ကူမြို့၏ စိုးရိမ်ရေမှတ် ၂၁၅၀ စင်တီမီတာ (၇၀ ဒသမ ၅၄) ပေအောက် ၁ ဒသမ ၂၈‌ ပေခန့် ကျဆင်းလျက်ရှိကြောင်း သိရသည်။
တံတားမြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်‌ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ကျင်းပ
Jul 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊  တံတားမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမတွင်    စာပေဝါသနာရှင်များနှင့် Book  Club အဖွဲ့များပူးပေါင်း၍  စာရေးဆရာ‌မခင်စောတင့်ရေးသားသော “ဆုံးဖြတ်ဖို့ခက်ခဲနေမယ်ဆိုရင်”  စာအုပ်ဖြင့်  ယနေ့နံနက်(၁၀)နာရီအချိန်က  စာဖတ်ဝိုင်းကျင်းပြုလုပ်ခဲ့သည်။
ကျိုင်းလပ်မြို့ နမ့်ခင်းကျေးရွာအုပ်စု ပန်ပဲကျေးရွာ၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ
Jul 25,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ နမ့်ခင်းကျေးရွာအုပ်စု၊ ပန်ပဲကျေးရွာအနီး ဟိန်းမေတ္တာကုမ္ပဏီ အလတ်စားရွှေသတ္တုတူးဖော်ရေး လုပ်ကွက်များမှ ပုံချက်ကွင်းဟောင်း (Leaching Pad) ပေါ်တွင် ယနေ့နံနက် ၉ နာရီ ၄၀ မိနစ်က မိုးရာသီသစ်ပင်စိုက်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့် Information Management Training (Data Management in Excel) သင်တန်းဖွင့်ပွဲသို့ တက်ရောက်
Jul 25,2024
ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ Data ပိုင်းဆိုင်ရာ နည်းပညာတတ်ကျွမ်းမှု စွမ်းရည်မြင့်မားလာစေရန်၊ Data နှင့် စပ်လျဉ်းသည့် အသိပညာအားကောင်းမှု၊ အချက်အလက်ပေါ်တွင် ဆန်းစစ်နိုင်မှုနှင့် Data Preparation အပိုင်းတွင် Microsoft Excel Software နှင့် ပိုမိုရင်းနှီးကျွမ်းဝင်စေရန်နှင့် လက်တွေ့အသုံးပြုနေသည့် Tools များကို သိရှိစေရန် ရည်ရွယ်ဖွင့်လှစ်သော Information Management Training (Data Management in Excel)သင်တန်းဖွင့်ပွဲကို ဇူလိုင်လ(၂၃)ရက်နေ့ နံနက်ပိုင်းကရန်ကုန်မြို့ရှိ Best Western Green Hill Hotel တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့် တက်ရောက်အမှာစကားပြောကြားခဲ့သည်။
စလင်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရန် လယ်ယာလုပ်ငန်းခွင်များ၌ တောင်သူများ ကြိုးပမ်းလုပ်ကိုင်လျက်ရှိရာ မိုးစပါး(၃၈၇၄)ဧက စိုက်ပျိုးပြီးစီး
Jul 25,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ နွေနှမ်းများ ရိတ်သိမ်းပြီးစီး၍ မိုးစပါးစိုက်ပျိုးရန် ထွန်ယက်စိုက်ပျိုးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးရန် လျာထားဧက(၄၇၆၇၇)ဧက ပြည့်မီရေးနှင့် လျားထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ကြစေရန် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူပညာပေးလုပ်ငန်းများကို လုပ်ကိုင်ရင်းဖြင့် မြို့နယ်အတွင်းရှိ တောင်သူများ မိုးစပါးများစိုက်ပျိုးနိုင်ကြရန် လယ်ယာလုပ်ငန်းခွင်များ ဝင်ရောက်ထွန်ယက်လုပ်ကိုင်နေကြပြီး ယနေ့အထိ မိုးစပါး (၃၈၇၄)ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဖြူးမြို့နယ်၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Jul 25,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနရုံးရှိ ပြည်သူ့စာကြည့်တိုက်အပြင် စာအုပ်စာစောင်များကို အလွယ်တကူပိုမိုငှားရမ်း ဖတ်ရှုနိုင်စေရေးအတွက် ဖြူးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များအား ယနေ့နံနက်ပိုင်းက မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်များ သွားရောက်ငှားရမ်းပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Jul 25,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပြည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာတို့ ပူးပေါင်းလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။