သတင်းများ

အခြေခံပညာမူလတန်းကျောင်း ဂျမ်းတိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်
Jul 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အခြေခံပညာ မူလတန်းကျောင်း ဂျမ်းတိုက်တွင် ယနေ့နံနက် (၁၁) နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကျွန်းစုမြို့နယ်တွင် ဒီရေတောသစ်ပင် စိုက်ပျိုးပွဲ၊ တောင်သူများအား ကော်ဖီနှင့် ကိုကိုးပျိုးပင်များ ထောက်ပံ့ပေးအပ်ပွဲ တက်ရောက်ပြီး ရေငန်ပုစွန်မွေးမြူထုတ်လုပ်နေမှုအား ကြည့်ရှုအားပေး
Jul 25,2024
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ပြည့်စုံလင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ကျွန်းစုမြို့နယ် ကတ္တလူကျေးရွာတွင် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဒီရေတော ဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဒီရေတောသစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်၍ ဒီရေတောသစ်ပင်များ စုပေါင်းစိုက်ပျိုးပေးကြသည်။
ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကမ်းပတ်တာအ‌ခြေအနေများအား တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုစစ်ဆေး
Jul 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သောအဖွဲ့သည် မြိုနယ်အတွင်းရှိ ရေတံခါးများ၊ ကမ်းပတ်တာအခြေအနေများအား စဉ်ဆက်မပြတ်လိုက်လံ ကြည့်ရှုစစ်ဆေးလျက်ရှိရာ ယမန်နေ့ ညနေ (၃) နာရီအချိန်ခန့်က ထပ်မံ၍ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
လှိုင်းဘွဲမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် အာရှကားလမ်းမပေါ်ရှိ တံတားချဉ်းကပ်လမ်း ပြိုကျပျက်စီးမှုဖြစ်ပွား
Jul 25,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌   မိုးများအဆက်မပြတ် သည်းထန်စွာရွာသွန်းပြီး တောင်ကျရေ စီးဆင်းမှုကြောင့် ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့်တွင် ပိုင်ကျုံမြို့ နောင်ခွီးကျေးရွာအုပ်စု  ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး)အာရှလမ်းမကြီးပေါ်ရှိ သောက်တော်ကျေးရွာအနီး တံတားအမှတ် (၂/၃၃)၊ အရှည်(၁၂၀)ပေ၊ အကျယ်(၃၀)ပေ၊ အမြင့်(၁၅)ပေ ရှိသော သံကူကွန်ကရစ်တံတား၏ ချဉ်းကပ်လမ်း စုစုပေါင်း(၅၀)ပေခန့် ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ပြိုင်ပွဲများ ကျင်းပပေး
Jul 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတများစွာရရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲများကို ယနေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မိတ္ထီလာ၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ
Jul 25,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ရပ်ကွက်နှင့်ကျေးရွာများရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ် အခြေခံပညာအထက်တန်း (မြို့ချောင်း) ကျောင်းတွင် မိုးရာသီ သစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jul 25,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်က အခြေခံပညာအထက်တန်း (မြို့ချောင်း) အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေထုတ်ချေးခြင်း
Jul 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ခု၊ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သော မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများဖြင့် မိသားစုဝင်ငွေတိုး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် လေးအိမ်စုကျေးရွာအုပ်စု လေးအိမ်စုကျေးရွာ၌ ပထမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည်။