မော်လမြိုင် ဇူလိုင် ၂၅
မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဦးဆောင်၍ မွန်ပြည်နယ်အတွင်းရှိ မွန်၊ ကရင်၊ ပအိုဝ်း၊ ဗမာ စာပေနှင့်ယဉ်ကျေးမှုကော်မတီများ တွေ့ဆုံပွဲအခမ်းအနားကို ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ရာ အဆိုပါအခမ်းအနားသို့ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မွန်၊ ကရင်၊ ပအိုဝ်း၊ ဗမာ စာပေနှင့်ယဉ်ကျေးမှုကော်မတီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးမှ အဖွင့်အမှာစကားနှင့် လမ်းညွှန်ချက်များအား ပြောကြားခဲ့ပြီး စာပေနှင့်ယဉ်ကျေးမှုကော်မတီများမှ တိုင်းရင်းသားရေးရာကိစ္စရပ်များအား တင်ပြခဲ့မှုအပေါ် သက်ဆိုင်ရာဌာနများမှ ရှင်းလင်းဖြေကြား၍ Grade 1,2,3 မွန်စာပေ ပြဋ္ဌာန်းစာအုပ်များအား မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီထံသို့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)