သတင်းများ

ကန်ကြီးထောင့်မြို့နယ်တွင် ငဝန်မြစ်ရေမြင့်တက်မှုကြောင့် ဘုန်း‌တော်ကြီးကျောင်းသို့ ယာယီပြောင်းရွှေ့နေထိုင်နေရသည့် ဒေသခံပြည်သူများအား တာဝန်ရှိသူများက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်
Jul 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကျွန်းလျားရှည်အုပ်စု၊ အိုးဘိုကျေးရွာ တွင် ငဝန်မြစ်ရေမြင့်တက်မှုကြောင့် ဘုန်း‌တော်ကြီးကျောင်းသို့ ယာယီပြောင်းရွှေ့နေထိုင်‌နေရသည့် ဒေသခံပြည်သူများအား ယနေ့ နေ့လယ် (၁)နာရီအချိန်က မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ
Jul 25,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဗိုလ်ရွေးအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နေ့လည်ပိုင်းက အဆိုပါကျောင်း စာသင်ဆောင်၌ ကျင်းပခဲ့သည်။
ပခုက္ကူမြို့နယ်တွင် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများရှိ ပြည်သူများအား နေအိမ်များသို့ ကူညီပြောင်းရွှေ့ပေး
Jul 25,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်အောက် တစ်ပေခွဲကျော်ကျဆင်းသွားသဖြင့် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများရှိ ပြည်သူများအား နေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့ပေးခြင်း ယနေ့နံနက် ၈ နာရီခွဲအချိန်က တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ကြသည်။
ပေါင်မြို့နယ်၌ အခြေခံလူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်
Jul 25,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ဇင်းကျိုက်မြို့၊ ဖလပ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
စစ်ကိုင်းမြို့ အ.ထ.က(၂)တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားကျင်းပ
Jul 25,2024
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်း အနားကို ယနေ့နံနက်ပိုင်းမှစ၍ အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်လတ်၌ မိုဘိုင်းဖုန်းအရောင်းဆိုင်များအား မြို့နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့(ပူးပေါင်းအဖွဲ့)ဖြင့် စစ်ဆေးဆောင်ရွက်
Jul 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ မြို့ပေါ်ရပ်ကွက်များရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်များအား ယနေ့နေ့လယ်ပိုင်းအချိန်မှစတင်၍ မြို့နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ (ပူးပေါင်းအဖွဲ့)ဖြင့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ပြည်နယ်အဆင့် အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
Jul 25,2024
ပြည်နယ်အဆင့် အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့(၁/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်အဆင့် အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဟားခါးခရိုင်၊ ဟားခါးမြို့နယ်နှင့် ထန်တလန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဟင်္သာတ မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး Pfizer(O) ဆေးများ ထိုးနှံပေး
Jul 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် နိုင်ငံဝန်ထမ်းများ ပြည်သူများအား ယနေ့နံနက် (၉) နာရီက ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကိုဗစ်ကာကွယ်ဆေး Pfizer(O) များ ထိုးနှံပေးလျက်ရှိသည်။