တာချီလိတ်မြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

တာချီလိတ် ဇူလိုင် ၂၅

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်းနှင့် ရွှေသတ္တုအလတ်စားထုတ်လုပ်မှုလုပ်ငန်း သဘောတူစာချုပ်ချုပ်ဆိုထားသော ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်ရှိ ဟိန်းမေတ္တာကုမ္ပဏီ (SETCL-43,44) လုပ်ကွက်များမှ ပုံချက်ကွင်းဟောင်းပေါ်တွင်  မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ပျိုးပင်များကို နယ်မြေခံတပ်နယ်မှ ခေတ္တဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သန့်လှိုင်ဝင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုတို့က ပေးအပ်ရာ ကုမ္ပဏီတာဝန်ရှိသူများနှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက လက်ခံရယူပြီး ပုံချက်ကွင်းဟောင်း(၀.၈၉)ဧကပေါ်တွင် မန်ဂျန်ရှားပင်(၃၀၀)နှင့် မဲဇလီပင်(၁၈၀)တို့ကို တပျော်တပါး စုပေါင်းစိုက်ပျိုးကြသည်။

ထို့နောက် အမှတ်(၂)သတ္တုတွင်းလုပ်ငန်းမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးတင်မောင်သန်းက ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ပုံချက်ကွင်းဟောင်း(၉.၇၁)ဧကပေါ်တွင် မန်ဂျန်ရှားပင်(၃၀၃၀)၊ ကျွန်း(၁၁၂၀)၊ မဲဇလီပင်(၁၃၀၀)နှင့် ပုံချက်ကွင်း(Leaching pad) (၃.၅)ဧကပေါ်တွင် မန်ဂျန်ရှားပင်(၉၀၀)နှင့် မဲဇလီပင်(၇၂၀) စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

သန်းဇော်(ပြန်/ဆက်)