သတင်းများ

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရွှေသောင်ယံမြို့ ၂၀၂၄ ခုနှစ် ဒီရေတော သစ်ပင်စိုက်ပျိုးပွဲသို့တက်ရောက်
Jul 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက် မကျီးချောင်းဘေးတွင် ယမန်နေ့ ညနေ (၄)နာရီအချိန်က ပြုလုပ်သည့် ၂၀၂၄ ခုနှစ် ဒီရေတော သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဉီးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၏ဇနီး ဒေါ်သီတာဇင် ဦးဆောင်သည့်အဖွဲ့နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ် သက်တော်ရှည်ဆရာတော်ကြီးအား ဖူးမြှော်ကြည်ညို၍ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မဝတ္ထုငွေ ဆက်ကပ်လှူဒါန်း
Jul 25,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၏ဇနီး ဒေါ်သီတာဇင် ဦးဆောင်သည့်အဖွဲ့နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းတို့သည် ဥတ္တရခရိုင်၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အတူ တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက်၊ မြို့ရှေ့စန္ဒာရုံဘုန်းတော်ကြီးကျောင်းတိုက်သို့  ယနေ့နံနက်ပိုင်းက ရောက်ရှိလာခဲ့ရာ ကျောင်းတိုက်ပဓာနနာယကဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက သက်တော်ရှည် ဘဒ္ဒန္တစန္ဒသိရီထံအား ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေ  ဆက်ကပ်လှူဒါန်းပြီးနောက် ဆရာတော်ကြီးထံမှ ငါးပါးသီလနှင့် အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုတို့ကို ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။
မိုင်းဆတ်မြို့နယ်၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ စာပေစကားဝိုင်း ကျင်းပ
Jul 25,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတို့ပူးပေါင်း၍ ယနေ့နံနက် (၁၀)နာရီက အဆိုပါ သင်တန်းကျောင်းခန်းမ၌ စာပေစကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။        
၂၀၂၄ခုနှစ်၊ မြို့နယ်အဆင့် အောင်ချက်အကောင်းဆုံး ဆုရရှိသည့် ကျောင်းများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Jul 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများ၊ ဂုဏ်ထူးသင်ဆရာ၊ ဆရာမများ၊ မြို့နယ်အဆင့် အောင်ချက်အကောင်းဆုံးဆုရရှိသည့် ကျောင်းများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၊ မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်သည်။
အစိုးရနည်းပညာအထက်တန်းကျောင်း(နေပြည်တော်)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 25,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ကရင်ပြည်နယ်၏ သဘာဝကိုအခြေခံသည့်ခရီးသွားလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်း
Jul 25,2024
ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၅/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။
ဘိုကလေးမြို့နယ်ရှိ ကျေးရွာအချို့တွင် မိုးသည်းလေထန်ခြင်း၊ သစ်ပင်ပြိုလဲခြင်းတို့ကြောင့် နေအိမ်များပျက်စီး
Jul 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြိုနယ်၊ ဘုရားချောင်းကျေးရွာအုပ်စု၊ မားယားကျေးရွာတွင် ယနေ့နံနက်(၉)နာရီကျော်ခန့်က မိုးသည်းလေထန်ခြင်းကြောင့် ဦးဆန်းကိုဦး ပိုင်ဆိုင်သော အလျား(၁၂)ပေ၊ အနံ(၁၅)ပေ၊ အမြင့် (၁၅)ပေရှိ ဓနိမိုး၊ ဝါးထရံကပ်၊ ပျဉ်ခင်းနေအိမ်ဘေးရှိ လုံးပတ်(၈)ပေ၊ အရှည် (၁၆)ပေရှိသော ကုက္ကိုလ်ပင်အမြစ်လန်၍ နေအိမ်ပေါ်လဲကျသည့်အတွက် နေအိမ်ပြိုကျပျက်စီးခြင်းနှင့် ဦးစည်သူ ပိုင်ဆိုင်သည့် အလျား(၂၀)ပေ၊ အနံ(၂၀)ပေ၊ အမြင့် (၁၅)ပေရှိ ဓနိမိုး၊ ဝါးထရံကပ်၊ ပျဉ်ခင်းနေအိမ်သည် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့သည်။
ရပ်စောက်မြို့၌ ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး မြို့နယ်အဆင့် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Jul 25,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၌ ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောကြိုတင်ကာကွယ်ရေး မြို့နယ်အဆင့် အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။