သတင်းများ

ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်‌ဌေးနှင့်အဖွဲ့ဝင်များ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း မြို့ရွာဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး
Jan 28,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်‌ဌေးနှင့်အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက (၃၅)ရပ်ကွက်၊ အမှတ် (၃) အခြေခံပညာထက်တန်းကျောင်းရှေ့ရှိ မြို့ရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ဘုရင့်နောင်လမ်းမကြီးဝဲယာ လမ်းပခုံးများကွန်ကရစ်ခင်းခြင်း၊ အုတ်စီရေမြောင်းဘောင်မြှင့်တင်ခြင်း၊ ရေစီးရေလာကောင်းမွန်‌စေရန် အုတ်စီရေမြောင်းများပြုလုပ်ခြင်း၊ ကျောင်းရှိမြေကွက်လပ်အား နှုန်းသဲမြေဖို့၍ မြေသားမြှင့်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ရန်ကင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်း တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး
Jan 28,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် မီးသတ်ဦးစီးဌာနက ပြည်သူများမီးဘေးအန္တရာယ်ကင်းဝေးပြီး မီးလောင်မှုကြောင့် ပြည်သူများအသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့မွန်းလွဲ ၁၂ နာရီက ဌာနဆိုင်ရာရုံးများနှင့်ဝန်ထမ်းအိမ်ရာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် မင်္ဂလာတောင်ညွန့်မြို့နယ်၏ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Jan 28,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမတွင် ကျင်းပခဲ့ပါသည်။
လှည်းကူးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို အ.ထ.က(မြို့မ)ကျောင်းတွင်ကျင်းပ
Jan 28,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ခရိုင်ပညာနှင့် မြို့နယ်ပညာတို့ ပူးပေါင်းကျင်းပသည့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက လှည်းကူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (မြို့မ) ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း စစ်တွေမြို့ပေါ်ရှိ ဆရာတော်ကြီးများအားဖူးမြော်၊ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း
Jan 28,2024
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ ဆရာတော်ကြီးများအား သွားရောက်ဖူးမြော်ပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။
မိတ္ထီလာမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အခမ်းအနား ကျင်းပ
Jan 28,2024
မိတ္ထီလာမြို့၌ မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ စီစဉ်ဆောင်ရွက်သော မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
တာကြန့်ကျေးရွာ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ ဉာဏဆုချီးမြှင့်ပွဲကျင်းပ
Jan 28,2024
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ တာကြန့်ကျေးရွာအုပ်စု၊ တာကြန့်ကျေးရွာတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ ဉာဏဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာရှိ မူလတန်ကျောင်းဝင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကြံခင်းမြို့တွင် မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင်  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်၊ မီးလောင်မှုလျော့နည်းပပျောက်စေရန်ရည်ရွယ်ပြီး မီးဘေးလုံခြုံရေးအသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက   ဗိုလ်ချုပ်လမ်းတစ်လျှောက်၊  မြို့မဈေးရှေ့လူစည်ကားရာနေရာများ၌ ဖြန့်ဝေကြသည်။