သတင်းများ

ဇေယျာသီရိမြိုနယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျေးရွာများသို့ သွားရောက်၍ လိုက်လံစစ်ဆေး
Jan 28,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြိုနယ် မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများက ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် ရပ်ကွက်/ကျေးရွာများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်လံစစ်ဆေးခြင်းများ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
တာချီလိတ်မြို့၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေး ဒေသအဆင့်ဌာနဆိုင်ရာများတွေ့ဆုံဆွေးနွေး
Jan 28,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေး ဒေသအဆင့်ဌာနဆိုင်ရာများတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Jan 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ဥယျဥ်မြောက်ရပ်ကွက်ရှိ ပဒေသာစျေးနှင့် ဌေးဝင်းစျေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် သဘာဝဘေး အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက အဆိုပါနေရာများတွင် လိုက်လံအသိပညာပေး၍ သက်ဆိုင်ရ ပူးပေါင်းအဖွဲ့များမှ ဝေငှခဲ့ကြသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၇၇)နှစ်မြောက်ပြည်‌ထောင်စုနေ့ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းလှမြို့ရှိ ၃၃/၁၁‌ ကေဗွီ(၅)အမ်ဗွီအေ စစ္စနို့ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
Jan 28,2024
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် မင်းလှမြို့နယ်စစ္စနို့ကျေးရွာရှိ ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ စစ္စနို့ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းက အဆိုပါ ဓာတ်အားခွဲရုံ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင့်လွင်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦး‌အေးကျော်နှင့်တိုင်း‌ဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာများ၊ ကျေးရွာအသီးသီးမှ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရေတာရှည်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပေးနှိုးဆော်ခြင်းဆောင်ရွက်
Jan 28,2024
ပဲခူးတိုင်းဒေသကြီး၊ ​တောင်ငူခရိုင်၊ ​ရေတာရှည်မြို့နယ်အတွင်း မီးဘေးအန္တရာယ် ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူးမှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်းနှင့် ရွှေပြည်ကုန်းကျေးရွာသို့မော်တော်ယာဉ်ဖြင့် လှည့်လည်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
တောင်ငူမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဗေဒါပင်မှ ထွက်ရှိပစ္စည်းများဖြင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Jan 28,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ်(၁)ရပ်ကွက်၊ သိမ်တော်လှဘုရားကြီးဓမ္မာရုံ၌ တောင်ငူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဗေဒါပင်မှထွက်ရှိပစ္စည်းများဖြင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပသည်။
ကော့သောင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ
Jan 28,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြိုနယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မြို့နယ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဏ္ဏဝါရပ်ကွက်ရှိ မဉ္ဇူသကခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Jan 28,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ဇန်နဝါရီ ၁၆ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။