မိတ္ထီလာမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အခမ်းအနား ကျင်းပ

မိတ္ထီလာ ဇန်နဝါရီ ၂၈

မိတ္ထီလာမြို့၌ မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ စီစဉ်ဆောင်ရွက်သော မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် ဦးစွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက  အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးဆန်းက မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြသည်။ ထို့နောက်အခမ်းအအနားသို့ တက်ရောက်လာကြသည့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ နိုင်ငံရေးပါတီဝင်များနှင့် ဒေသခံပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးကြသည်။ လက်တွေ့စမ်းသပ် မဲပေးပြီးနောက် တက်ရောက်လာကြသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးဆန်းက ပြန်လည်ဆွေးနွေးဖြေကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ နိုင်ငံရေးပါတီဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ချမ်းသာ