တာကြန့်ကျေးရွာ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ ဉာဏဆုချီးမြှင့်ပွဲကျင်းပ

မိုင်းယု ဇန်နဝါရီ ၂၈

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ တာကြန့်ကျေးရွာအုပ်စု၊ တာကြန့်ကျေးရွာတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ ဉာဏဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာရှိ မူလတန်ကျောင်းဝင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တာကြန့်ကျောင်းသား/ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့်အခမ်းအနားကို သီဆိုဖွင့်လှစ်ခဲ့ပြီး မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးက အဖွင့်အမှာစကားပြောကြားကာ မိုင်းယောင်းမြို့နယ်၊ ခရိုင်ပညာရေးမှူး ဦးတင့်ဆွေက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ တာကြန့်ကျောင်းအုပ် ဆရာမဒေါ်မေဇင်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

ယင်းနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘက်စုံထူးချွန်ဆုရရှိသော ကျောင်းသား/ကျောင်းသူများ၊ အားကစားဆုများနှင့် ကျောင်ဘက်စုံဖွံ့ဖြိုးရေအတွက် အလှူရှင်ဂုဏ်ပြုမှတ်တမ်းလွှာတို့အား သက်ဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေး အပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများက တေးသရုပ်ဖော်နှင့် တိုင်းရင်းသားရိုးရာအကများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြရာ အမှတ် ၁၀၀၈ နယ်ခြားတပ်ရင်းမှ ဗိုလ်ကြီးအောင်ဆန်းယု၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျောင်းသားမိဘများက တက်ရောက်အားပေးကြည့်ရှုကာ ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကိုကိုနိုင်