ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်‌ဌေးနှင့်အဖွဲ့ဝင်များ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း မြို့ရွာဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ဒဂုံမြောက် ဇန်နဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်‌ဌေးနှင့်အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက (၃၅)ရပ်ကွက်မှတ် (၃) အခြေခံပညာက်တန်းကျောင်းရှေ့ရှိ  မြို့ရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ဘုရင့်နောင်လမ်းမကြီးဝဲယာ လမ်းပခုံးများကွန်ကရစ်ခင်းခြင်း၊ အုတ်စီရေမြောင်းဘောင်မြှင့်တင်ခြင်း၊ ရေစီးရေလာကောင်းမွန်‌စေရန် အုတ်စီရေမြောင်းများပြုလုပ်ခြင်း၊ ကျောင်းရှိမြေကွက်လပ်အား နှုန်းသဲမြေဖို့၍ မြေသားမြှင့်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်‌ဌေး၊ ဒုတိယမြို့တော်ဝန်၊ ရန်ကုန်မြို့တော်စည်ပင်သာယာ‌ရေးကော်မတီ တာဝန်ရှိသူများအား မြို့နယ်စီမံခန့်ခွဲရေးကော်မတီများမြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာ/ဆရာမကြီးများမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများအား ရှင်းလင်းတင်ပြပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်/ကျေးအုပ်ချုပ်‌ရေးမှူးများဆယ်အိမ်မှူး/ ရာအိမ်မှူးများမှ ကျောင်းဝန်းကျင်သန့်ရှင်းသာယာရေး သစ်ပင်ခြုံနွယ်များ ရှင်းလင်းခြင်းလုပ်ငန်းများ အင်တိုက်အားတိုက်စုပေါင်းလုပ်ဆောင်နေမှုများကို စိတ်ပါဝင်စားစွာကြည့်ရှုအားပေး၍ ဘုရင့်နောင်လမ်းမကြီးဝဲယာ လမ်းပခုံးများ၊ ကွန်ကရစ်ခင်းခြင်း၊ အုတ်စီရေမြောင်းဘောင်မြှင့်တင်ခြင်း၊ ရေစီးရေလာကောင်းမွန်‌စေရန်၊ အုပ်စီ ရေမြောင်းများပြုလုပ်ခြင်း၊ လုပ်ငန်းများအချိန်နှင့်တစ်ပြေးညီပြီးစီးရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ