မင်္ဂလာတောင်ညွန့် ဇန်နဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမတွင် ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ အခမ်းအနားကို အမှတ်(၃)နှင့်အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက "စုံညီပွဲတော်တို့နွှဲပျော်" သီချင်းဖြင့် သီဆိုကပြ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဗိုလ်တထောင်ခရိုင်၊ ခရိုင်ပညာရေးမှုး ဒေါက်တာဒေါ်ခင်သူဇာစိန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မင်္ဂလာတောင်ညွန့်မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်ခိုင်က စုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်တွင် မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်တို့၌ ဘက်စုံထူးချွန်ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်သူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခြင်းနှင့် ကျောင်းသား၊ကျောင်းသူများက တေးသီချင်း သရုပ်ဖော်များ၊ အကအလှများဖြင့် ဖျော်ဖြေခြင်းများကို ဆောင်ရွက်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဗိုလ်တထောင်ခရိုင်၊ ခရိုင်ပညာရေးမှူးနှင့်အဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးမှူးနှင့်အဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ NGOအဖွဲ့အစည်းများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)