မိုင်းတုံမြို့နယ်တွင် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး ခေတ်မီမြေတိုင်းစက်ဖြင့် တိုင်းတာနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jan 29,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊မိုင်းတုံ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများက မိုင်းဟန်ကျေးရွာအုပ်စု၊ မိုင်းဟန်ကျေးရွာသို့ ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး (RTK GPS, Total Station) ခေတ်မီမြေတိုင်းစက်ဖြင့် ကွင်းဆင်းတိုင်းတာနေမှုကို ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး မြို့နယ်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးဦးဆောင်၍ မြို့နယ်ရဲမှူး၊ မြို့နယ်သစ်တော၊ မြို့နယ်စိုက်ပျိုးရေး၊ မြို့နယ်လဝကနှင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး မြို့နယ်လုပ်ငန်းအဖွဲ့အတွင်းရေးမှူး မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှဦးစီးအရာရှိ ဦးကိုကိုမောင်တို့က ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။