လှည်းကူး ဇန်နဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ခရိုင်ပညာနှင့် မြို့နယ်ပညာတို့ ပူးပေါင်းကျင်းပသည့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက လှည်းကူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (မြို့မ) ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပညာရေးစုံညီပွဲတော်အား အ.ထ.က(မြို့မ) ကျောင်းမှကျောင်းသား/သူများက ကြိုဆိုပါသည်စုံညီပွဲတော်သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ကာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ ခရိုင်ပညာရေးမှူးဒေါ်မြတ်မြတ်ထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးခင်ဇော်တို့က အမှာစကားပြောကြားခဲ့ပြီး တိုင်း/ခရိုင်/မြို့နယ် ကာယ၊ ဉာဏပြိုင်ပွဲအသီးသီးတို့တွင် ဆုရရှိသော ကျောင်းသား၊ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခင်မောင်ဦးနှင့်ဇနီး၊ ခရိုင်ပညာရေးမှူး ဒေါ်မြတ်မြတ်ထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးခင်ဇော်နှင့်တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ကျောင်းသူများက တေးသရုပ်ဖော် အက၊ အလှများဖြင့် ဖျော်ဖြေခဲ့ကြသည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်ဇနီး၊ ခရိုင်ပညာရေးမှူး ဒေါ်မြတ်မြတ်ထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ၊ ဆုရ ကျောင်းသား၊ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)