သတင်းများ

မွန်ပြည်နယ်မှထွက်ရှိသည့် ကွမ်းသီးများကို ပြင်ပနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသို့ အဓိကထားတင်ပို့
Jan 28,2024
မြန်မာနိုင်ငံတွင် ကွမ်းသီးများကို မွန်နှင့်ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြပြီး မွန်ပြည်နယ်၌ ကွမ်းသီးများကို ယိုးဒယားမျိုး(ကွမ်းသီး အဝိုင်း)နှင့်ဒေသမျိုး(ကွမ်းသီးအချွန်)နှစ်မျိုးအား ဒေသအတွင်း အများအပြားစိုက်ပျိုးကြ၍ ထွက်ရှိသည့် ကွမ်းသီးများကို ပြင်ပနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသို့တင်ပို့လျက်ရှိသလို ပြည်တွင်းတွင်လည်းတင်ပို့ရောင်းချသည်။
မုဒုံမြို့၌ အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းများဆောင်ရွက်
Jan 28,2024
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ယမန်နေ့က မြို့မ(၃)ရပ်ကွက်၊ ကမာဝက်မြို့၊ စိန်တောင်ရပ်ကွက်များတွင် ဆောင်ရွက်သည်။
စဉ့်ကိုင်မြို့နယ်၌ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး
Jan 28,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် သင်ဂတုံကျေးရွာ၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်‌ဆေးခဲ့ကြသည်။
မိုင်းဖြတ်မြို့နယ်၌ ​အ​ထွေ​ထွေအထူးကုသမား​တော်ကြီးများအဖွဲ့ ဒေသခံတိုင်းရင်းသားများအား ကျန်းမာ​ရေး​ကုသမှုများ​(အခမဲ့)​ဆောင်ရွက်​​ပေး
Jan 28,2024
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကျိုင်းတုံမြို့၊ ပြည်နယ်ကုသရေးဦးစီးဌာနမှ အ​ထွေ​ထွေအထူးကုသမား​တော်ကြီးများအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့​ဆေးရုံ၌ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးကုသမှုများ(အခမဲ့)ကုသ​ပေးခဲ့​ကြောင်း သိရသည်။
မန္တလေးမြို့ လူထုအခြေပြုဗဟိုဌာနတွင် အခြေခံစာကြည့်တိုက်ပညာ သင်တန်းဖွင့်လှစ်
Jan 28,2024
မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် ပညာရေးမှူးရုံးတို့ပူးပေါင်း၍ အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီတွင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ကျင်းပခဲ့ပါသည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို ၂၀၂၃ ခုနှစ်၊ စာအောင်ဆုနှင်း သဘင်အခမ်းအနားသို့တက်ရောက်
Jan 28,2024
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ စာအောင်ရဟန်း၊ သာမဏေ၊ သီလရှင်များအား စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ကျင်းပရာ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက သာသနာ့ဗိမာန်တော်ကြီး၌ ကိန်းဝပ်စံပယ်တော်မူသော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရွှေကြာသင်္ကန်းနှင့် ပန်း/ရေချမ်း/ဆီးမီးကပ်လှူဇော်သည်။
တိုက်ကြီးမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးမည့် သမဝါယမ အသင်းသား တောင်သူများအား သွင်းအားစုများပေးအပ်ပွဲကျင်းပ
Jan 28,2024
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးချေးငွေဖြင့် နွေစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများသို့ သွင်းအားစုများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ကုန်များအတွက် အရေးပါသည့် ဖြူးမြို့နယ် ပြောင်သေကျေးရွာကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီး
Jan 28,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင်း ကျေးရွာများတွင် အဓိကအားထားလုပ်ကိုင်သည့် စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိသည့် ထွက်ကုန်များသယ်ယူပို့ဆောင်ရာတွင် အရေးပါမည့် ပြောင်သေကျေးရွာအုပ်စု၊ ပြောင်သေကျေးရွာကုန်ထုတ်လမ်းအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ရာ ရာခိုင်နှုန်းပြည့်စီးသွားသောကြောင့် ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။