သတင်းများ

ခန္တီးမြို့နယ်၌ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်
Jan 28,2024
ခန္တီးခရိုင်မီးသတ်ဉီးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ်နှင့် အခြားသောမတော်တဆမှုများ နှင့်ပတ်သက်သည့်လုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့နံနက် ၉ နာရီအချိန်က မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်မှုကို မြို့မမင်္ဂလာဈေး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့တွင် အလှဓါတ်ပုံများ ရိုက်ကူးနိုင်သော ကော်ဖီဆိုင်များ ဖွင့်လှစ်မှုများရှိလာ
Jan 28,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ခေတ်မီဆန်းသစ်ပြီး လူငယ်များအတွက် အမှတ်တရဓာတ်ပုံရိုက်ခြင်း၊ စာဖတ်ခြင်းများဖြင့် အေးအေး‌ဆေးဆေး အနားယူအပန်းဖြေနိုင်သည့် ကော်ဖီဆိုင်လေးများ ဖွင့်လှစ်မှုများရှိလာကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဧရာဝတီတိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် သာပေါင်းမြို့နယ်၊ အောင်တပ်-အစုကြီး-ထင်းပုံကွင်း-ကျွန်းကုန်းလမ်း ကျောက်အမာခံလမ်းအား မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စစ်ဆေးကြီးကြပ်မှုကော်မတီမှကြည့်ရှုစစ်ဆေး
Jan 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် တည်ဆောက်ရေးလုပ်ငန်း စစ်ဆေးကြီးကြပ်မှုကော်မတီမှ အောင်တပ်-အစုကြီး-ထင်းပုံကွင်း-ကျွန်းကုန်းလမ်း ကျောက်အမာခံလမ်းအား ယမန်နေ့နံနက် ၁၀ နာရီအချိန်က လုပ်ငန်းခွင်သို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရွှေစက်တော်ဘုရားပွဲတော်ရာသီတွင် မင်းဘူးဒေသထွက် သနပ်ခါးများ ဈေးကောင်းရရန်မျှော်လင့်
Jan 28,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ဘုရားပွဲတော်ကို ၁၃၈၅ ခုနှစ် တပို့တွဲလဆန်း ၅ ရက်၊  ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှစတင်ကာ ၆၄ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ သနပ်ခါးတုံးရောင်းချမည့် ဈေးသည်များဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြကြောင်း ဒေသခံသနပ်ခါးစိုက်သည့် တောင်သူများထံမှ သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အတွင်းရှိဆန်စက်များ၌ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများနှင့် မီးလောင်မှုများမဖြစ်ပွားစေရေးအတွက် လိုက်လံစစ်ဆေးခြင်းများဆောင်ရွက်
Jan 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အတွင်းရှိ ဆန်စက်များ၌ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများနှင့် မီးလောင်မှုများမဖြစ်ပွားစေရေးအတွက် လိုက်လံစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ကျက်သရေဆောင် သမိုင်းဝင်ရွှေမုဌောမဟာစေတီတော်မြတ်ကြီးနှင့် အရံစေတီတော်များ၊ ဆင်းတုတော်များ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများကြည့်ရှုစစ်ဆေး
Jan 28,2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ညနေပိုင်းတွင် ပုသိမ်မြို့ကျက်သရေဆောင် သမိုင်းဝင်ရွှေမုဌောမဟာစေတီတော်မြတ်ကြီးနှင့် အရံစေတီတော်များ၊ ဆင်းတုတော်များ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ကျောင်းကုန်းမြို့ အ.ထ.က(ခွဲ)အောက်ပိုင်းကျောင်း (၁၇)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲကျင်းပ
Jan 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့ ယခင်ပြည်တော်သာကျောင်း ယခု အ.ထ.က(ခွဲ)အောက်ပိုင်းကျောင်း၏ ကျောင်းသား/ကျောင်းသူဟောင်းများ (၁၇)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တိုက်ကြီးမြို့နယ် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းမီးစစ်ဆေးခြင်းနှင့် သတိပေးနှိုးဆော်
Jan 28,2024
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၏လမ်းညွှန်ချက်အရ တိုက်ကြီးခရိုင်၊ မီးသတ်ဦးစီးမှူး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီလ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့က တိုက်ကြီးမြို့နယ် ဥက္ကံမြို့နှင့်အဖျောက်မြို့တို့ရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းမီးစစ်ဆေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် သတိပေးနှိုးဆော်ခြင်းများကို မီးငြှိမ်းသတ်ယာဉ်များဖြင့် လှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက်ကြသည်။