ကံမမြို့နယ်၌ နွေစပါးစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့ချကိရိယာ(Seeder)ပေးအပ်
Jan 29,2024
ကံမမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ နွေစပါးစိုက်ပျိုးမည့် တောင်သူများထံသို့ တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder) ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီက ထန်းကောက်ကျေးရွာအုပ်စု၊ ထန်းကောက်ကျေးရွာတွင် ကျင်းပပြုလုပ်ရာ သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမြတ်ထွန်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ နွေစပါးစိုက်ပျိုးသည့် တောင်သူများ တက်ရောက်ခဲ့ကြသည်။