သတင်းများ

စလင်းမြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလက်ကမ်း စာစောင်ဖြန့်ဝေခြင်းနှင့် ကြာဖက်များ အခမဲ့ဖြန့်ဝေဆောင်ရွက်
Jan 29,2024
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ မြို့မစည်ပင်သာယာစျေးကြီး အတွင်းအပြင် ရောင်းချလျက်ရှိသည့် စျေးသည်/စျေးဝယ်သူများ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်း သက်သာစေရေး ပလတ်စတစ် သုံးစွဲမှုလျှော့ချသုံးစွဲ လျော့နည်းသက်သာစေရန် ပြည်သူများ ပလတ်စတစ်အိတ် ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက် ကြာဖက်အင်ဖက်နှင့်စက္ကူအိတ်များ အသုံးပြုနိုင်ရေးအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ဆောင်ရွက်လျက်ရှီရာယနေ့ ယနေ့နံနက် (၈) နာရီ ၁၅ အချိန်က ဆောင်ရွက်ခဲ့သည်။
မကွေးမြို့နယ်ရှိ သံဘိုရွာသစ် စံပြကျေးရွာကို မြန်မာတစ်နိုင်ငံလုံးမှာ ပထမဦးဆုံး မျက်စိအတွင်းတိမ်ကင်းစင်ရွာအဖြစ် ဆောင်ရွက်နိုင်ခဲ့
Jan 29,2024
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ မကွေးမြို့နယ် သံဘိုရွာသစ်စံပြကျေးရွာအား မျက်စိအတွင်းတိမ်ကင်းစင်ရွာအဖြစ် ဆောင်ရွက်နိုင်ခဲ့ခြင်း အထိမ်းအမှတ်အခမ်းအနားကို ဇန်နဝါရီလ ၂၆ ရက်နေ့က အဆိုပါကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မျက်စိအတွင်းတိမ်ကင်းစင်ပြီး အလင်းရလာကြသည့် သံဘိုရွာသစ်မှ ရပ်မိရပ်ဖများနှင့် ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြသည်။
မင်းလှမြို့နယ် မလွန်အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 29,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် မလွန်အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေနံနက် (၉)နာရီက ကျင်းပရာ တပ်မတော်အကြီးစားစက်ရုံမလွန်မှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ပင်းတယ၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Jan 29,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီ ငှက်ပျောတောရပ်ကွက်အတွင်း၌ ပင်းတယမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သရက်မြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jan 29,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက် စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campaign နှင့် အင်ဖက်များ အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့ နံနက်၈နာရီခွဲက မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။
စကုမြို့၌ ကျောင်းသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနားနှင့် ဆုပေးအပ်ချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Jan 29,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၌ ကျောင်းသားအားကစားပွဲတော် အားကစားပြိုင်ပွဲ၊ ပိတ်ပွဲအခမ်းအနားနှင့် ဆုပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်း အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့၌ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၏ နှစ်ပတ်လည်အစည်းအဝေးမှ ချမှတ်သော လုပ်ငန်းစဉ်များအား မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ ထပ်ဆင့်ရှင်းလင်းပွဲ ကျင်းပ
Jan 29,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၏ နှစ်ပတ်လည်အစည်းအဝေးမှ ချမှတ်သော လုပ်ငန်းစဉ်များအား မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ ထပ်ဆင့်ရှင်းလင်းပွဲကို ယမန်နေ့ နံနက် (၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းတုံမြို့နယ်တွင် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး ခေတ်မီမြေတိုင်းစက်ဖြင့် တိုင်းတာ‌နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jan 29,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊မိုင်းတုံ မြို့နယ်လယ်ယာ‌မြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများက မိုင်းဟန်ကျေးရွာအုပ်စု၊ မိုင်းဟန်ကျေးရွာသို့ ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး (RTK GPS, Total Station) ခေတ်မီမြေတိုင်းစက်ဖြင့် ကွင်းဆင်းတိုင်းတာနေမှုကို ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး မြို့နယ်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးဦး‌ဆောင်၍ မြို့နယ်ရဲမှူး၊ မြို့နယ်သစ်တော၊ မြို့နယ်စိုက်ပျိုးရေး၊ မြို့နယ်လဝကနှင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး မြို့နယ်လုပ်ငန်းအဖွဲ့အတွင်းရေးမှူး မြို့နယ် လယ်ယာ‌မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှဦးစီးအရာရှိ ဦးကိုကိုမောင်တို့က ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။