သတင်းများ

ပုဗ္ဗသီရိမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေး
Feb 09,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဥယျာဉ်အုပ်စု၊ ဆင်တဲကြီးကျေးရွာ၌ ပူပြင်းခြောက်သွေ့သော ရာသီရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်လံစစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။     
ကျောင်းကုန်းမြို့၌ စာသင်ကျောင်းအခြေပြု မီးဘေးအန္တရာယ်ကြိုတင်ကာ ကွယ်ရေးဟောပြောပွဲ ကျင်းပ
Feb 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌စာသင် ကျောင်းအခြေပြု မီးဘေးအန္တရာယ်ကြို တင်ကာကွယ်ရေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
လပွတ္တာမြို့နယ်တွင် ဧည့်စာရင်းစစ်ဆေးခြင်းများ စဉ်ဆက်မပျက်ဆောင်ရွက်
Feb 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများ အကြမ်းဖက်သမားများ ဘေးရန်မှ ကင်းဝေးပြီး အေးချမ်းသာယာလုံခြုံမှုရှိစေရေးအတွက် နယ်မြေလုံခြုံရေးအဖွဲ့နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့မှ ဖေဖော်ဝါရီ​လ (၇)ရက်နေ့ ည ၁၀ နာရီ ကစတင်၍ ​မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်ကာ ဧည့်စာရင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ကြသည်။
မောက်မယ်မြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရကျောင်းသား၊ကျောင်းသူများ ဆုများပေးအပ်
Feb 09,2024
ကျောင်းသား၊ ကျောင်းသူများ၊ အနာဂတ်မျိုးဆက်သစ်လူငယ်များ အသိပညာဗဟုသုတမြင့်မား တိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်ရည်ရွယ်၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အလယ်တန်းအဆင့်ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(စျေးတန်း)၌ ယမန်နေ့နံနက် (၁၀)နာရီက ဖြေဆိုပြီး ယနေ့နံနက် ၈နာရီခွဲက ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။
ခန္တီးမြို့နယ်၌ ဆောင်းသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သဘာဝမြေဩဇာ/ပိုးသတ်ဆေး ပြုလုပ်သုံးစွဲရေး တောင်သူပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့သရုပ်ပြပွဲ ပြုလုပ်
Feb 09,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် စိုက်ပျိုးသည့်သီးနှံများ အထွက်နှုန်းတိုးတက်လာခြင်းဖြင့် ဒေသ၏ စားရေရိက္ခာဖူလုံမှုရှိစေရန်၊ ဒေသတွင်း၌ စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန်များထုတ်လုပ်သည့် စိုက်ပျိုးရေးအခြေခံ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း(MSME)များလည်း ဆင့်ကဲပေါ်ထွန်းလာစေရန်နှင့် မိမိတို့ဒေသတွင် စိုက်ပျိုးသီးနှံများထုတ်လုပ်နိုင်ခြင်းဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်၍ ဆောင်းသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သဘာဝမြေဩဇာ/ပိုးသတ်ဆေးပြုလုပ်သုံးစွဲရေး တောင်သူပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့သရုပ်ပြပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ခရိုင်စိုက်ပျိုးရေးဉီးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မောက်မယ်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်အတွင်းရှိ လူနေအိမ်များသို့ ကွင်းဆင်းစစ်ဆေး
Feb 09,2024
ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ်များ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မုံရွာမြိူ့၌ မြေလွှာမဲ့စိုက်ပျိုးနည်းစနစ် (Hydroponic) ဟင်းသီးဟင်းရွက် စိုက်ပျိုုးမှုနည်းပညာ‌ပေးလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိ
Feb 09,2024
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် မြေလွှာမဲ့စိုက်ပျိုးနည်းစနစ် (Hydroponic)ဟင်းသီးဟင်းရွက် စိုက်ပျိုုးမှုနည်းပညာ‌ပေးလုပ်ငန်းများကို ဖေဖော်ဝါရီ ဒုတိယပတ်မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ တောင်သူများနှင့်ပြည်သူများ စိတ်ပါဝင်စားစွာဖြင့် လာရောက်လေ့လာလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးသက်အောင်က ပြောပြသည်။
မုဒုံမြို့၌ စျေးကွက်အတွင်း ဆေးနှင့်ဆေးပစ္စည်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး
Feb 09,2024
မွန်ပြည်နယ် မုဒုံမြို့ပေါ်ရှိ ဆေးဝါးအရောင်းဆိုင်များတွင် ဆေးနှင့်ဆေးပစ္စည်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးအတွက် ယမန်နေ့က စိစစ် ကြပ်မတ်ဆောင်ရွက်သည်။