မောက်မယ် ဖေဖော်ဝါရီ ၉
ကျောင်းသား၊ ကျောင်းသူများ၊ အနာဂတ်မျိုးဆက်သစ်လူငယ်များ အသိပညာဗဟုသုတမြင့်မား တိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်ရည်ရွယ်၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အလယ်တန်းအဆင့်ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(စျေးတန်း)၌ ယမန်နေ့နံနက် (၁၀)နာရီက ဖြေဆိုပြီး ယနေ့နံနက် ၈နာရီခွဲက ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကဗျာနှင့်စာစီစာကုံးပြိုင်ပွဲတွင် အ.လ.က(ခွဲ)ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဝိုဆိုင်က ကျောင်းသား/ကျောင်းသူ၊ လူငယ်၊ လူရွယ်လေးများ ၂၀၂၄ခုနှစ် ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နေ့ထူးနေ့မြတ်များကိုမမေ့စေရန် အလယ်တန်းအဆင့်ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲကို ကျင်းပပေးခဲ့ပြီး အမှတ်ပေးစည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ ထူးချွန်သည့် ကျောင်းသား/ကျောင်းသူလေးများအား ရွေးချယ်ပြီး ဆုများပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး ယှဉ်ပြိုင်ခဲ့ကြသည့် ထူးချွန်သူကျောင်းသား/ကျောင်းသူများအား ဆုများအသီးသီးဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)