မုဒုံ ဖေဖော်ဝါရီ ၉
မွန်ပြည်နယ် မုဒုံမြို့ပေါ်ရှိ ဆေးဝါးအရောင်းဆိုင်များတွင် ဆေးနှင့်ဆေးပစ္စည်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးအတွက် ယမန်နေ့က စိစစ် ကြပ်မတ်ဆောင်ရွက်သည်။
ထို့သို့ဆောင်ရွက်ရာတွင် မုဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းလွင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာမှ တာဝန်ရှိသူများတို့က မြို့အတွင်းရှိ ဆေးဝါးအရောင်းဆိုင်များသို့ သွားရောက်၍ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင်းဆေးဝါးများကို စျေးကွက်အတွင်း ရောင်းချမှု ရှိ/ မရှိ၊ စျေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမရှိစေရေး စျေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့နောက် မြို့နယ်တာဝန်ခံက တရားမဝင်ဆေးဝါးများ၊ သက်တမ်းလွန် ဆေးဝါးများကို ရောင်းချခြင်းမပြုလုပ်ကြရန်၊ ဆေးနှင့်ဆေးပစ္စည်းများ ရောင်းချရာတွင်လည်း သက်ဆိုင်ရာဌာန၏ သတ်မှတ်ထားသော စည်းမျဥ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်သွားကြရန် ဆိုင်ရှင်များအား အသိပညာပေး ရှင်းလင်းပြောကြားသည်။
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် နိုင်ငံအတွင်းနေထိုင်ကြသော ပြည်သူများ၏ နေ့စဥ်စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေးများတွင် သက်သာချောင်ချိမှုရှိစေရန် အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)