သတင်းများ

ပန်းတနော်မြို့ သန်ရှင်းသာယာလှပစေရေး အလှပန်းပင်များအား မြေယာရှုခင်းပုံဖော်ခြင်းဆောင်ရွက်
Feb 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့ သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အလှပန်းပင်များ မြေယာရှုခင်းပုံဖော်စိုက်ပျိုးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်- ပုသိမ်ကားလမ်းဘေး လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အဦးရှေ့တွင် စိုက်ပျိုးခဲ့သည်။
တာလေမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Feb 09,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီခွဲက ဌာနဆိုင်ရာရုံးများရှိ ဝန်ထမ်းများထံ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ်မှ ငရုတ်စိုက်တောင်သူများ စျေးကောင်းရ၍ စိုက်ပျိုးသူများပြားလာ
Feb 09,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးကို မြေအောက်ရေတူးဖော်ကာ နွေ၊ မိုး၊ ဆောင်းရာသီအလိုက် သီးနှံမျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုလက်ရှိစိုက်ပျိုးထားသည့် ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ငရုတ်စိုက်တောင်သူများအနေဖြင့် ငရုတ်သီးစျေးကောင်းရရှိသဖြင့် တောင်သူများအဆင်ပြေလျက်ရှိကြောင်း ဂွေးကုန်းကျေးရွာ ငရုတ်စိုက်တောင်သူတစ်ဦးထံမှ သိရသည်။
လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်
Feb 09,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်/စာစောင်များကို အခမဲ့ငှါးရမ်းဆောင်ရွက်ပေးလျက်ရှိရာ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး စာအုပ်စာစောင်များကို ယနေ့နံနက် ၉ နာရီအချိန်က အခမဲ့ ငှါးရမ်းပေးခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားရေးဦးတည်ချက် (၅) ရပ်ပါ မြေစိုက်ပိုစတာစိုက်ထူ
Feb 09,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားရေးဦးတည်ချက် (၅) ရပ်ပါ မြေစိုက်ပိုစတာစိုက်ထူခြင်း အခမ်းအနားကို ယမန်နေ့က ​မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ပန်းတောင်း-တောင်ကုတ် ကားလမ်းမဘေး၌ စုပေါင်းစိုက်ထူခဲ့ကြသည်။
ကလေးဝမြို့တွင် ဝိဇ္ဇာရှင်ပြည်တော်အေးစေတီတော်‌‌မြတ်ပြုပြင်ရန်အတွက် ပထမအကြိမ် အလှူငွေပေးအပ်ပွဲပြုလုပ်
Feb 09,2024
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ အမှတ်(၂) ရပ်ကွက်တွင် တည်ထားတော်မူသော ဝိဇ္ဇာရှင် ပြည်တော်အေးစေတီတော်မြတ် ပြုပြင်ရန်အတွက် ပထမအကြိမ် အလှူငွေကျပ် (၆၈) သိန်း ကျော်ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဝိဇ္ဇာရှင်ပြည်တော်အေး စေတီတော်မြတ် ရင်ပြင်တော်ပေါ်၌ ပြုလုပ်ခဲ့သည်။
စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်း ဖွင့်လှစ်ထားရှိမှုအခြေအနေနှင့် Grade 9 အောင်မြင်ပြီးသော ကျောင်းသား/သူ များ တက်ရောက်နိုင်သော အခွင့်အလမ်းများအကြောင်း အ.ထ.က(မြို့မ)၌ သိပညာပေးဟောပြော
Feb 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး ကျောင်းသား/သူများ ရရှိရေးနှင့်အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်း ဖွင့်လှစ်ထားရှိမှုအခြေအနေနှင့် Grade 9 အောင်မြင်ပြီးသော ကျောင်းသား/သူ များတက်ရောက်နိုင်သော အခွင့်အလမ်းများအကြောင်း အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အခြေခံပညာအထက်တန်းကျောင်း (မြို့မ) ခန်းမ၌ ကျင်းပခဲ့သည်။
မင်းလှမြို့တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုနံရံကပ်စာစောင်၊ စာအုပ်ပြပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် အသိပညာပေးဟောပြော
Feb 09,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့လယ် ၁ နာရီချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။