မောက်မယ်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်အတွင်းရှိ လူနေအိမ်များသို့ ကွင်းဆင်းစစ်ဆေး

မောက်မယ် ဖေဖော်ဝါရီ ၉

ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ်များ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းလင်းအောင်က ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏နေအိမ်များ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး၊ မီးဘေးလုံခြုံမှုရှိစေရေးအတွက် မီးဘေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီစနစ်တကျရှိစေရေး မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲအိပ်များနှင့် မီးသတ်ဆေးဘူးများ၊ ရေကန်များဖြည့်တင်းထားရှိစေရေးအတွက် ဆောင်ရန်ရှောင်ရန်များ၊ မတော်တဆမီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ၊  မီးဖိုဆောင်အတွင်း မီးဘေးလုံခြုံမှုရှိစေရေး၊ မီးဖိုဆောင်သုံးပစ္စည်းများ စနစ်တကျဆောင်ရွက်ထားရှိရန်၊  မိမိနေအိမ်ပတ်ဝန်း ကျင်တွင် မီးလောင်လွယ်သော အမှိုက်သရိုက်များ၊ ခြုံနွယ်ပိတ်ပေါင်းများ စနစ်တကျသန့်ရှင်းရေးများ ပြုလုပ်ထားရန်နှင့် မီးသတ်ဆေးဘူးအသုံးပြုပုံများအား ရှင်းလင်းပြသပေးခဲ့ကြောင်း သိရသည်။  

စိုင်းမျိုးသန့်(မောက်မယ်)