သတင်းများ

ကွန်ဟိန်းမြို့နယ်၊ ခမရ(၅၂၄) အခြေခံပညာမူလတန်းကျောင်း၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Feb 09,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ် ခမရ(၅၂၄) အခြေခံပညာမူလတန်းကျောင်း၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀)နာရီခွဲက ကျင်းပပြုလုပ်ခဲ့ပါသည်။
မြစ်ကြီးနားမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲဆုရ ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင်ပွဲအခမ်းအနားကျင်းပ
Feb 09,2024
ကချင်ပြည်နယ်လူငယ်ရေးရာအဖွဲ့ဖြင့် ကြီးမှူးကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ဆုရကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့၊ အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းဝင်း အတွင်းရှိ မြက်ခင်းပြင်၌ ဖေဖော်ဝါရီ ၉ ရက် နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းကြူ က အဖွင့်အမှာစကားပြောကြားသည်။
သာပေါင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်
Feb 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်း အခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြခြင်းကို ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့၊မွန်းလွဲ ၁ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(လှေကြီးတတ်)၌ ကျင်းပကြသည်။
ဒေါပုံမြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်ပြပွဲနှင့် မြန်မာစကားပုံဆက်ပြိုင်ပွဲများ ကျင်းပဆောင်ရွက်
Feb 09,2024
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စာအုပ်ပြပွဲနှင့် မြန်မာစကားပုံဆက်ပြိုင်ပွဲများ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့ပေါ်ရပ်ကွက်များရှိ ဆေးဆိုင်များမှ ဆေးဝါးများနှင့် လူသုံးကုန်ပစ္စည်းများအား သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ရောင်းချနေခြင်းရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေး
Feb 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် ဟင်္သာခရိုင် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှဦးစီး၍ ဟင်္သာတမြို့ပေါ်ရပ်ကွက်များရှိ ဆေးဆိုင်များမှ ဆေးဝါးများနှင့် လူသုံးကုန်ပစ္စည်းများအား သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ရောင်းချနေခြင်းရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေးကို ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၉ နာရီက ပူးပေါင်းအဖွဲ့များနှင့် ဆောင်ရွက်ခဲ့ကြသည်။
ကျိုက်လတ်မြို့နယ်အတွင်း ရောင်းချလျက်ရှိသည့် ဆေးဆိုင်များအား ဆေးဝါးများ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေး
Feb 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်း ရောင်းချလျက်ရှိသည့် ဆေးဆိုင်များအား ဆေးဝါးများ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆုဂုဏ်ပြုသောအားဖြင့် မော်ဖောင်းနယ်မြေ(၈) ငအိုးခေတ်မီစံပြကျေးရွာ၌ ရွာလယ်လမ်းကွန်ကရစ်လမ်းသစ်နှင့် ခေတ်မီစံပြစာကြည့်တိုက်သစ် ဖွင့်လှစ်ပေး
Feb 09,2024
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မော်ဖောင်းကျေးရွာအုပ်စု၊ မော်ဖောင်းနယ်မြေ (၈) ငအိုးခေတ်မီစံပြ ကျေးရွာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည့် ရွာတွင်းလမ်းမကြီး ကွန်ကရစ်လမ်းသစ်နှင့် ခေတ်မီစံပြစာကြည့်သစ်တို့ကို ဖေဖော်ဝါရီ ၈ ရက် နံနက် ၁၀ နာရီက အဆိုပါ‌ခေတ်မီစံပြကျေးရွာ၌ ဖွင့်ပွဲအခမ်းအနားများကို ကျင်းပပြုလုပ်ခဲ့ကြသည်။